အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဝင်တွေလို့ ယူဆရ တဲ့နိုင်ငံသားတွေကို ကိုဆိုဗိုအာဏာပိုင် ဖမ်းဆီး

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ဝင်တွေလို့ ယူဆရ တဲ့နိုင်ငံသား ၄၀ လောက်ကို လက်နက် ခဲယမ်းဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိတယ်လို့ ကိုဆိုဗိုနိုင်ငံ ရဲတပ်ဖွဲ့က သြဂုတ် ၁၁ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။ 

အီရတ်နဲ့ ဆီးရီးယားနိုင်ငံက တိုက်ပွဲတွေမှာ သေ ဆုံးသွားတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတပ်ဖွဲ့ဝင်များ အနက် ၁၆ဦးဟာ ကိုဆိုဗိုနိုင်ငံသားတွေဖြစ်တယ် လို့ ကိုဆိုဗို ထောက်လှမ်းရေးက ပြောပြီး ပြည်ပနိုင်ငံရှိ အစ္စလာမ္မစ် စစ်သွေးကြွတပ်ဖွဲ့ထဲမှာ ကိုဆိုဗိုနိုင်ငံ သား ၁၀၀ ကနေ ၂၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံရှိ အစ္စလာမ္မစ် စစ်သွေးကြွတပ်ဖွဲ့တွေထဲ ကိုဆိုဗိုနိုင်ငံသားများ ပါဝင်ပူးပေါင်းရေး ပိတ်ပင်တဲ့ ဥပဒေကို ကိုဆိုဗိုလွှတ်တော်က မကြာခင် ထုတ်ပြန်မယ်လို့ သိရပါတယ်။ 

ကိုဆိုဗိုနိုင်ငံဟာ ဖွံ့ဖြိုးမှု နောက်ကျပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ မရှိတာနဲ့ အဂတိလိုက်စားမှုတွေ ထူပြောတာကို အကြောင်းပြုလို့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သွေးထွက်သံယို အုံကြွမှု ဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဆာဘီးယားနိုင်ငံကနေ ခွဲထွက်ပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ 

ကိုဆိုဗိုဟာ အစ္စလာမ်ဘာသာဝင်တွေ အများစုနေထိုင်းကြတဲ့ နိုင်ငံတခုဖြစ်ပေမယ့် အစွန်းရောက် အစ္စလာမ္မစ် အယူဝါဒတွေက ဆန့်ကျင်နေတဲ့နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဝင်တွေလို့ ယူဆရ တဲ့နိုင်ငံသားတွေကို ကိုဆိုဗိုအာဏာပိုင် ဖမ်းဆီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++