အစွန်းရောက်အစ္စလာမ္မစ် ISIS ဟာ ကမ္ဘာ့အကြမ်းဖက်မှု အင်အားအကြီးမာဆုံး အဖွဲ့ဖြစ်ဟု အမေရိကန်ပြော
အမေရိကန် သတင်းထောက် James Foley ကို သတ်ဖြတ်တဲ့ အစွန်းရောက် အစ္စလာမ္မစ် ISIS အဖွဲ့ဟာ နိုင်ငံတကာလုံခြုံရေး ခြိမ်းချောက်နိုင်ဆုံး အဖွဲ့ဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေး ၀န်ကြီး Chuck Hagel က ပြောကြားလိုက်ပါတယ်။
ISIS အဖွဲ့ဟာ ကမ္ဘာကြီး ဖျက်မယ့်အမြင်အယူအဆ ကို
ကိုင်စွဲထားသူတွေဖြစ်ပြီး တိုက်ခိုက်ရေးလေ့ကျင့် မှုတွေလည်း တခြားအကြမ်းဖက်အဖွဲ့တွေထက် ပိုမိုအားကောင်းတယ်လို့ အမေရိကန် စစ်ဦးစီးချုပ် Martin Dempsey နဲ့အတူ ၀ါရှင်တန်ဒီစီမှာ သတင်းစာ ရှင်းလင်းပွဲမှာ
ကာကွယ်ရေးဝန်ကြီး Hagel က ပြောပါတယ်။
ကမ္ဘာ့နေရာအနံ့မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုထက် အင်အားကြီးမားနေတဲ့ ISIS အဖွဲ့ကို
ချေမှုန်းနိုင်ဖို့ အီရတ်မှာရော ဆီးရီယားမှာပါ လုပ်ဆောင်ရမှာဖြစ်တယ်လို့ Hagel က ပြောပါတယ်။
စစ်သွေးကြွအဖွကို အမြစ်ဖြတ်နိုင်ဖို့ဟာ အီရတ်နဲ့ ဆီးရီယား ဒုက္ခရင်ဆိုင်နေရကြတဲ့ သန်း၂၀ လူထုက ပါဝင်တွန်းလှန်မှသာ ဖြစ်နိုင်တယ်လို့ ဗိုလ်ချုပ်ကြီး Dempsey က ပြောပါတယ်။
ဆူနီမူဆလင် အစွန်းရောက်အစ္စလာမ္မစ် ISIS အဖွဲ့ဟာ ဆီးရီယားအရှေ့ခြမ်းနဲ့ အီရတ်အနောက်မြောက် ပိုင်းဒေသတွေကို
တိုက်ခိုက်သိမ်းပိုက်ပြီး Islamic State ကို ကြောညာလိုက်ပြီးတော့ အခြားလူမျိုးစုတွေနဲ့ မှူဆလင် မဟုတ်တဲ့ သူတွေကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခဲ့သလို အမေရိကန်သတင်းထောက် James Foley ကိုလည်း သတ်ဖြတ် လိုက်ပါတယ်။
ISIS အဖွဲ့ကြောင့် အီရတ်မှာ လူဆီးရီယားမှာ ဒေသခံ ၂ သိန်းကျော် အတိဒုက္ခရောက်နေကြပါတယ်။


0 မှတ်ချက်များ for "အစွန်းရောက်အစ္စလာမ္မစ် ISIS ဟာ ကမ္ဘာ့အကြမ်းဖက်မှု အင်အားအကြီးမာဆုံး အဖွဲ့ဖြစ်ဟု အမေရိကန်ပြော"