လူသတ်ဒမြတိုက်တဲ့ - မြန်မာစစ်သားကို ထိုင်းအာဏာပိုင် ဖမ်းမိ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်မှာ ကလေးငယ် ၂ ဦးကို သတ်ဖြတ်ပြီး ပိုက်ဆံယူသွားတဲ့ မြန်မာအစိုးရတပ်ပြေး လူသတ်သမားတရားခံ ကို နယ်မြေခံအာဏာပိုင်တွေက ဖမ်းဆီးနိုင်ကြောင်း ထိုင်းသတင်းတွေက ရေးသားဖော်ပြပါတယ်။

မဲဆောက်မြို့နယ် မဟာဝမ်းကျေးရွာအုပ်စု နောင်နမ့်ချို ရွာက ညီအစ်ကို ၂ ဦးကို သတ်ဖြတ်ပြီး ဘတ်ငွေ ၂သောင်းကျော်ယူသွား တဲ့တရာခံ လှမင်းအောင် ဆိုသူကို မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ် ၄ ဒေသထိုင်းစစ်တပ်နဲ့ အမှတ် ၃၄၆ ထိုင်းနယ်ခြားစောင့် တပ်တွေ ပူးပေါင်းရှာဖွေပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ ဖမ်းဆီး မိတာဖြစ်တယ် လို့ ထိုင်းအာဏာပိုင်က သတင်းထောက်တွေ ကို ပြောပါတယ်။

လူသတ်သမား အသက်၂၅ နှစ်၊ မောင်လှမင်းအောင်ဟာ မြန်မာအစိုးရ စစ်သားဖြစ်ပြီး သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီခွဲလောက်က အိမ်မှာ မိဘတွေမရှိခိုက် ကလေးတွေကို သတ်ဖြတ်ပြီး ဘတ်ငွေ၂၄၀၀၀ ယူသွား တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။

ဓါးနဲ့ထိုးခံရတဲ့ ညီအစ်ကို ၂ ဦးဟာ အသက် ၁၄ နှစ်ရွယ်ရှိ ဒါးဆူးက မျက်နှာ၊ ၀မ်းဗိုက်၊ ခြေလက်အနှံ့ ဓားထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး အသက် ၁၂ နှစ်ရွယ် ညီဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိတယ်လို့ ရဲဝန်ထမ်းက ပြောပါတယ်။

တရားခံဟာ ဇနီးနဲ့အတူ ပြောင်းဖူးခင်းတခုထဲမှာ ပုန်းအောင်းနေစဉ် ဖမ်းခံရတာဖြစ်တယ်လို့ ရဲဝန်ထမ်းရဲ့ အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

0 မှတ်ချက်များ for "လူသတ်ဒမြတိုက်တဲ့ - မြန်မာစစ်သားကို ထိုင်းအာဏာပိုင် ဖမ်းမိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++