ဘာစီလိုနာမှာ ကစားရတာဟာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

ဘာစီလိုနာအသင်းတွင် ကစားရန်အတွက် အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး အသင်းတွင် သမိုင်း သစ်ရေး ထိုးနိုင်ရေး စိတ်လှုပ်ရှားနေသည်ဟု ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် က ပြောကြား လိုက်သည်။ 

ဆွာရက်ဇ်မှာ နွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ ယူရို ၈၈ သန်းဖြင့် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ပြီး၊ ဘ၀တစ်လျှောက်လုံး မက်ခဲ့သည့် အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်မိသည်ဟု ၎င်းက ဆိုသည်။ 

 “ကျွန်တော့်အပေါ် ယုံကြည်မှုရှိတဲ့ ကလပ်အသင်း၊ ဒါရိုက်တာတွေ၊ နည်းပြနဲ့ ကျွန်တော့်ကို အားပေး
ထောက်ခံသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း များစွာကတည်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ ကစားချင်ခဲ့တာပါ။ ဒီကိုရောက်လာတာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ပွဲပယ်ပြစ်ဒဏ်
လျှော့ချ ခံရပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆွာရက်ဇ် က ပြောကြား ခဲ့သည်။ 

ဆွာရက်မှာ လီယွန်အသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော တနင်္လာနေ့ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ၀င်ရောက် ကစားပေးခဲ့သည်။ 

ပထမဆုံး အသင်းတွင် ပါဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှား မိကြောင်း ၎င်းက ထည့်သွင်းပြောကြား ခဲ့သည်။

0 မှတ်ချက်များ for "ဘာစီလိုနာမှာ ကစားရတာဟာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++