အလွန်အကျွံ မမျော်လင့်ထားရန် မန်ယူ ပရိတ်သတ်များအား ဗန်ဂါးလ် တိုက်တွန်း

ရာသီကြိုခြေစမ်းပွားများတွင် အနိုင်ရခဲ့သော်လည်း ပရိတ်သတ်များအနေဖြင့် အသင်းအပေါ် မျှော်လင့် ချက် အလွန်အကျွံမထားဘဲ အောင်မြင်မှုအတွက် စိတ်ရှည်ကြရန် မန်ယူနည်းပြသစ် ဗန်ဂါးလ် က ပြောကြားလိုက်သည်။ 

မန်ယူမှာ အင်္ဂါနေ့က ကစားခဲ့သည့် ဗလင်စီ ယာနှင့် ခြေစမ်းပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရာသီကြို ကစားခဲ့သည့် ခြေစမ်းပွဲများ အားလုံးတွင် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။ 

သို့သော်လည်း စနေနေ့တွင် ကစားမည့် ဆွမ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ဟု ဗန်ဂါးလ်က သတိပေးခဲ့သည်။ 

“အိုးလ်ထရက်ဖို့ဒ်ဆိုတာ သိပ်ကို စွဲမက်စရာကောင်းတဲ့ နေရာပါ။ ကျွန်တော်ကွင်းထဲကို ၀င်လာတိုင်း သူတို့(ပရိတ်သတ်တွ)ဟာ ကျွန်တော့်နာမည်ကို ဟစ်ကြွေးကြပါတယ်။ သူတို့ အများကြီးမျှော်လင့်ထား တာကြောင့် ဒါဟာ ဖိအားကြီး တစ်ခုလည်းဖြစ်ပါတယ်။ သုံးလေးပတ်အတွင်းမှာ အသင်းကို အလုံးစုံ မပြောင်းလဲနိုင်ပါဘူး။ ကစားသမားတွေကလည်း မပြောင်းလဲနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ စောင့် ကြည့်ရမှာဖြစ်သလို၊ တိုးတက်အောင်လည်း ဆောင်ရွက်ရပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ အချိန်လိုပါတယ်” ဟု ဗန်ဂါးလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ထို့ပြင် ဗလင်စီယာနှင့်ပွဲတွင် အသင်း၏ စွမ်းဆောင်ရည်မှာ အဆိုးဆုံးဖြစ်ခဲ့ကြောင်း၊ ရွေးချယ်မှု အမှားများရှိ ခဲ့ပြီး ပြိုင်ဘက်ကိုလည်း မခြိမ်းခြောက်နိုင်ခဲ့ကြောင်း ဗန်ဂါးလ်က ၀န်ခံပြောကြေားခဲ့သည်။

0 မှတ်ချက်များ for "အလွန်အကျွံ မမျော်လင့်ထားရန် မန်ယူ ပရိတ်သတ်များအား ဗန်ဂါးလ် တိုက်တွန်း "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++