ဘာစီလိုနာ မအောင်မြင်ခဲ့ခြင်းမှာ မိမိကြောင့်ဟု မာတီနိုဝန်ခံ

ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာ အသင်း အောင်မြင်မှုမရရှိခဲ့ခြင်းအတွက် မိမိတွင် တာဝန်ရှိသည်ဟု နည်းပြဟောင်း မာတီနိုက ၀န်ခံပြောကြားခဲ့သည်။

မာတီနိုကိုင်တွယ်ခဲ့သည့် ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခဲ့ရပြီး လာလီဂါနှင့် ဘုရင့်ဖလားတို့တွင် ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရကာ ဖလားလက်မဲ့ ရာသီကို ကြုံတွေ့ခဲ့ ရသည်။

“ပြီးခဲ့တဲ့ဘောလုံးရာသီအတွက် ကျွန်တော် လုံးဝ မကျေနပ်ပါဘူး။ ဒီအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ် လို့လည်း ကျွန်တော် အမြဲတမ်း တွေးနေပါတယ်။ တရားမျှတမှု၊ မမျှတမှုတွေ ရှိခဲ့တာသေချာပေမယ့် ဘာတွေ ဘာတွေလည်းဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ကျွန်တော်ပြောနိုင်တာက ဘာစီလိုနာအတွက် တကယ့်ကို ဆိုးရွားတဲ့ ဘောလုံးရာသီအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားနေရတာပါပဲ” ဟု မာတီနိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဘောလုံးရာသီပြီးဆုံးပြီးနောက် မာတီနိုအား ဘာစီလိုနာက ထုတ်ပယ်ခဲ့သည်။ ယခုအခါ မာတီနိုမှာ ကမ္ဘာ့ဖလား ဒုတိယရရှိခဲ့သည့် အာဂျင်တီးနားအသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

မာတီနိုကမူ ထိုကဲ့သို့ ခန့်အပ်ခံခဲ့ရခြင်းအတွင် ဂုဏ်ယူမိပြီး အာဂျင်တီးနား ဘောလုံးအသင်းကို လည်း ကျေးဇူးတင်မိကြောင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစာသမားများအား အခြေပြုကာ အသင်းကို တည်ဆောက်သွားမည်ဖြစ်သော်လည်း အာဂျင်တီးနားကစားသမားအားလုံးအတွက် တံခါးဖွင့်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။___M-media

0 မှတ်ချက်များ for "ဘာစီလိုနာ မအောင်မြင်ခဲ့ခြင်းမှာ မိမိကြောင့်ဟု မာတီနိုဝန်ခံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++