မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ပင်ရင်းနိုင်ငံ - မြန်မာဖြစ်တယ်လို့ UNODC ပြော

မြန်မာနိုင်ငံက စိတ်ကြွရူးသွတ်ဆေးပြားတွေ ထုတ်လုပ်တဲ့ ပင်ရင်းနိုင်ငံဖြစ်တယ်လို့  ရန်ကုန်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှဒေသ မူးယစ်ဆေးဝါး တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကနေ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC)က ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ဆွေးနွေးပွဲရဲ့ထုတ်ပြန်ကြေညာချက်မှာ အိမ်နီး ချင်းနိုင်ငံတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေးဝါး အများအပြားတွေဟာ  မြန်မာနိုင်ငံက ထုတ်လုပ်တာ ဖြစ်တယ်လို့  ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှမှာထုတ်လုပ်တဲ့ စိတ်ကြွရူးသွတ်ဆေးပြားတွေဟာ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန် တို့မှာ တင်ပို့နေသလို ဒေသတွင်းမှာလည်း သုံးစွဲနေသလို လူငယ်တွေကို ဦးတည်ပြီး ဈေးကွက်ကို ချဲ့ထွင်နေတယ်လို့ UNODC ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဌာနမှူး ရဲမှူးကြီး ဦးဇော်လင်းထွန်းကလည်း UNODC ရဲ့ထုတ်ဖော်ပြော ဆိုချက်ဟာ ကျနော်တို့အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအစီအစဉ် ရေးဆွဲတဲ့အခါမှာ အသုံးပြုလို့ရတဲ့ အချက်အလက်တွေ ဖြစ်တဲ့အတွက် ဘာမှ comment မပေးလိုပါဘူးလို့ ပြောပါတယ်။

မူးယစ်ဆေးဝါးနိုင်နင်းဖို့အတွက် မြန်မာပြည်သူလူထုတရပ်လုံးနဲ့ လူထုအခြေပြုအဖွဲ့အစည်းအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ သြဂုတ်လ၂၀ ရက်မှ ၂၁ ရက်ထိ ကျင်းပတဲ့ မူးယစ်ဆေးဝါး တားဆီးရေးဆိုင်ရာဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ၁၄ နိုင်ငံ ကိုယ်စားလှယ် ၄၄ ဦးတို့က ဒေသ အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပါအ၀င် သုံးစွဲမှုနဲ့ သယ်ယူပို့ဆောင်မှု လမ်းကြောင်းတွေ ကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး အသစ်ပေါ်နေတဲ့ psychoactive substances (NPS) မူးယစ်ဆေးဝါး အကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

0 မှတ်ချက်များ for "မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ပင်ရင်းနိုင်ငံ - မြန်မာဖြစ်တယ်လို့ UNODC ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++