Hamas ခေါင်းဆောင် ၃ ယောက်ကို သတ်နိုင်ပြီး စစ်ဆင်ရေး ဆက်လုပ်မယ်လို့ အစ္စရေးပြော

အစ္စရေးလေကြာင်း တိုက်ခိုက်မှုကြောင့် Rafah မြို့ အနီးမှာ ခိုအောင်းနေတဲ့ Hamas စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် ၃ ယောက်သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ Hamasရဲ့ စစ်ရေး စွမ်းရည်ချဲ့ထွင်မှုမှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်ကြ တဲ့ တပ်မှူးကြီးတွေ ဖြစ်တယ်လို့ အစ္စရေးက ပြော ပါတယ်။

အီရတ်နဲ့ဆီးရီးယားတို့မှာ သောင်းကျန်းထကြွ လူတွေကို သတ်ဖြတ်နေတဲ့ ISIS နဲ့ Hamas တို့ဟာ ပင်စည်ကြီးတစ်ခုတည်းက ပေါက်ဖွားလာကြတဲ့ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တွေဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက ရုပ်မြင် သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံအတွက် လုံခြုံရေးအာမခံနိုင်တဲ့အထိ Hamas စစ်သွေးကြွ ခေါင်းဆောင် ၉၀ ကျော်ကို ပစ်မှတ်ထားပြီး Hamas စစ်သွေးကြွတွေကို စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်နာတန်ယာဟုက ပြောပါတယ်။

Hamas စစ်သွေးကြွရဲ့ ရန်လိုမှုတွေကို အစ္စရေး စတင်တုံ့ပြန်တဲ့ ဗုဒ္ဓဟူးနေ့မှာ Hamas စစ်သွေးကြွေခေါင်းဆောင်ယောက်ရဲ့ မိသားစုဝင် သေဆုံးခဲ့ပါတယ်။

0 မှတ်ချက်များ for "Hamas ခေါင်းဆောင် ၃ ယောက်ကို သတ်နိုင်ပြီး စစ်ဆင်ရေး ဆက်လုပ်မယ်လို့ အစ္စရေးပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++