အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော် ခန့်အပ်
အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ကို ကန့်ကွက်မဲ မရှိ ထိုင်းအမျိုးသားလွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ထိုင်းစစ်အစိုးရက စိတ်ကြိုက်ရွေးချယ်ထားတဲ့ အမျိုးသားလွှတ်တော်အမတ် ၁၉၄ ဦးအနက် ၁၉၁ ဦးတို့က ထောက်ခံမဲပေးတဲ့အတွက် ဗိုလ်ချုပ်ကြီး ကျန်အိုချားကို ဝန်ကြီးချူပ်အဖြစ် တင်မြှောက်လိုက် တယ်လို့ လွှတ်တော်ဥက္ကဌက ပြောပါတယ်။
ဝန်ကြီးချုပ်အဖြစ် မတင်မြှောက်ခံရခင် ဗိုလ်ချုပ်ကြီး ကျန်အိုချာက မတည်ငြိမ်မှုတွေ ပြန်မဖြစ်အောင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်စရာအများကြီး ရှိနေသေးပြီး ဒါတွေကို ဆက်လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
လေ့လာစောင့်ကြည့်သူတွေကတော့ ပါလီမန်မှာ ပြိုင်ဘက်မရှိ အမည်စာရင်းတင်သွင်းခဲ့လို့ ၀န်ကြီးချုပ်ဖြစ် လာတဲ့ဗိုလ်ချုပ်ကြီး ကျန်အိုချာဟာ သူအမှန်တကယ် ဦးစားပေးလုပ်မှာက ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ပါတီကို ချေမှုန်းဖို့နဲ့ ထီးနန်းဆက်ခံမှုကို ချော့မွေ့အောင်လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။


0 မှတ်ချက်များ for "အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော် ခန့်အပ်"