၂၁ ရာစုမှာ အကြမ်းဖက်သမား နေရာမရှိစေရ သမ္မတအိုဘားမား ကတိပေး
စာနယ်ဇင်းသမား James Foley အသတ်ခံရမှုဟာ ကမ္ဘာလူသားတွေကို တုန်လှုပ်ခြောက်ခြားစေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြီးဖြစ်ပြီး ၂၁ရာစုမှာ အကြမ်းဖက်သမားတွေအတွက် နေရာမရှိစေရ ဘူးလို့ အမေရိကန် သမ္မတ အိုဘားမားက ကတိပေးပြောကြား လိုက်ပါတယ်။
ISIS စစ်သွေးကြွအဖွဲ့ကနေ အမေရိကန် သတင်းထောက် James Foley ကို
ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုထုတ်ပြန်ခဲ့တာကို ပြန်စစ်ပြီး ဒီဗွီဒီယိုဟာ
တကယ့်အမှန် ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက အတည်ပြုလိုက်ပြီးနောက်
သမ္မတ အိုဘားမားက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား သတင်းထောက် James Foley ဟာ သူ့လိုလူတွေကြောင့် အနာဂတ်မှာ အောင်မြင် မှုတွေကို တည်ဆောက်ပေးတဲ့သူတွေဖြစ်ပြီး အဲလိုလူတွေကို ခြေမှုန်းဖျက်စီး သတ်ဖြတ်နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ ISIS အဖွဲ့အပါအ၀င် အကြမ်းဖက်သမားတွေဟာ ၂၁ ရာစုမှာ နေရာမရှိစေရဘူးလို့ဆိုပါတယ်။

အမေရိကန် ပြည်သူတွေကို ကာကွယ်ပေးရေး လုပ်ဆောင်ရမယ့်ကိစ္စမှန်သမျှ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သမ္မတအိုဘားမားက ဂတိပေးပြီး အမေရိကန်ကို ကူညီဖို့ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကလည်း ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုကလည်း အီရတ်နဲ့ဆီးရီးယားတို့မှာ သောင်းကျန်းထကြွသတ်ဖြတ်နေတဲ့ ISIS နဲ့ ဟားမာ့စ်တို့ဟာ ပင်စည်ကြီးတစ်ခုတည်းက ပေါက်ဖွားလာကြတဲ့ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွတွေဖြစ်တယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်းကလည်း ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့ပြီး ယင်းသို့ သတ်ဖြတ်မှုမှာ
စက်ဆုပ် ရွံရှာဘွယ်ကောင်းသည့် ရာဇ၀တ်မှုဖြစ်တယ်လို့ သြဂုတ် ၂၀ ရက်မှာ ပြောကြားခဲ့သည်။
အစ္စလာမ္မစ် စစ်သွေးကြွရဲ့သတ်ဖြတ်ခံနေရတဲ့ James Foley အပါအဝင် ဆီးရီးယားမှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့အမေရိကန်အထူးတပ်ဖွဲ့တွေက ကြိုးစားခဲ့ကြပေမယ့် ချုပ်နှောင် ထားရာနေရာကို မဖော်ထုတ်နိုင်ခဲ့လို့ မအောင်မြင် ဖြစ်ခဲ့ရကြောင်း အမေရိကန် စစ်ဌာနချုပ် Pentagon က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

0 မှတ်ချက်များ for "၂၁ ရာစုမှာ အကြမ်းဖက်သမား နေရာမရှိစေရ သမ္မတအိုဘားမား ကတိပေး"