အီစ္စလာမ္မစ်စစ်သွေးကြွ ISIS က အမေရိကန် သတင်းသမား ခေါင်းဖြတ်သတ်
အီရတ်မှာ အမေရိကန်ကလေကြောင်း တိုက်ခိုက်မှုတွေလုပ်နေတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုးလေး ကို ခေါင်းဖြတ် သတ်လိုက်ပြီလို့ အစွန်းရောက် အီစ္စလာမ္မစ် စစ်သွေးကြွ ISIS က အင်္ဂါနေ့ က ကြေညာပါတယ်။
မျက်နှာဖုံးစွပ် ISIS တကောင်က သတင်းထောက် ရဲ့ ခေါင်းဖြတ်သတ်နေပုံ ပါရှိတဲ့ ဗီဒီယိုတစ်ခုကို အီစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွအဖွဲ့က ထုတ်ပြန်လိုက် ပါတယ်။
အသက် ၄၀ ရှိ ဂျိမ်းစ်ဖိုးလေးဟာ အတွေ့အကြုံရင့် သတင်းထောက်တစ်ဦးဖြစ်ပြီး ၂၀၁၂ နိုဝင်ဘာလ ကတည်းက ဆီးရီးယားမှာ လက်နက်ကိုင်တစ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
အာဆတ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု သတင်းတွေကို Global post၊ AFPနဲ့ တခြားသတင်းဌာနတွေ အတွက် ရေးသားပေးပို့ဖို့ ဆီးရီးယားနိုင်ငံဆီ သွားရောက်စဉ် အခုလို အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
လစ်ဗျားစစ်ပွဲသတင်းကို သွားရောက်သတင်းရယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက အီရတ်မြောက်ပိုင်းက အဆိုပါ အီစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ရဲ့ စခန်းတွေကို လေကြောင်းတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီးတဲ့နောက် အခုထိပစ်မှတ် ၉၀ ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးပြီ လို့သိရပါတယ်။


0 မှတ်ချက်များ for "အီစ္စလာမ္မစ်စစ်သွေးကြွ ISIS က အမေရိကန် သတင်းသမား ခေါင်းဖြတ်သတ်"