အစ္စရေးတုံ့ပြန်တိုက်ခိုက် မှုကြောင့် Hamas ခေါင်းဆောင် မိသားစုသေဆုံး

Hamas စစ်သွေးကြွရဲ့ ရန်လိုတိုက်ခိုက်မှုတွေကို ၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးတဲ့ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၁၂ နာရီမှာ အစ္စရေးက လေးကြောင်းတိုက်ခိုက် မှုနဲ့ တုံ့ပြန်လိုက်ပါတယ်။ 

သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး ၅ရက်ကြာ ကာလမှာ အစ္စရေးနိုင်ငံတောင်ပိုင်းကို    Hamas စစ်သွေးကြွတွေက  ဒုံးလက်နက်တွေနဲ့ အရင်ရန်စ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

ရန်လိုမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း Hamas  စစ်သွေးကြွ ခေါင်းဆောင်မိုဟာမက် ဒီရစ်ဖ်သရဲ့ မိသားစု အပါအ၀င် လူအနည်းဆုံး ၁၁ ယောက် သေဆုံး ခဲ့ပါတယ်။

ဂါဇာနယ်စပ်နဲ့ ၂၅ မိုင်လောက်မှာရှိတဲ့ ဗုံးခိုကျင်းတွေကို ပြန်ဖွင့်ဖို့ အရပ်ဖက် ပြည်သူတွေကို အစ္စရေးစစ် တပ်က တောင်းဆိုလိုက်ပါတယ်။

Hamas စစ်သွေးကြွတွေဟာ သဘောတူထားတဲ့ ၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလမှာ အစ္စရေး
တောင်ပိုင်းကို ဒုံးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အီဂျစ်နိုင်ငံကိုင်ရိုမြို့မှာ အပစ်အခတ် ရပ်စဲရေး
ဆွေးနွေးနေတဲ့ အစ္စရေးဘက်က ညှိနှိုင်းရေးမှူးတွေ ပြန်လာခဲ့ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမိန့်ပေးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူထားချိန် မကုန်ခင် Rocket ဒုံးလက်နက်တွေပစ်ခတ်ခဲ့တာ သူတို့ မဟုတ် ဘူးလို့ Hamas အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

0 မှတ်ချက်များ for "အစ္စရေးတုံ့ပြန်တိုက်ခိုက် မှုကြောင့် Hamas ခေါင်းဆောင် မိသားစုသေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++