တရုတ်စစ်ရေးအင်အားကို တန်ပြန်ဖို့အတွက် ဂျပန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်
အာရှဒေသမှာ
တရုတ်ရဲ့ ကြီးထွားလာနေတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့အတွက် ပိုင်နက်ကာကွယ်တဲ့ နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အများပြည်သူသိအောင် ပြတဲ့အနေနဲ့
ဂျပန်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်လို စစ်လေယာဉ် အစီး ၆၀၊ တိုက်ပွဲဝင် တင့်ကား အစီး ၈၀ နဲ့ တခြားတိုက်ခိုက်ရေးယာဉ်တွေ ပါဝင်ပြီး တင့်ကားတွေ၊ တိုက်ခိုက်ရေး ရဟတ် ယာဉ်တွေကနေ လက်နက်ကြီးကျည်တွေ၊ ဒုံးကျည်တွေနဲ့ ဖူဂျီတောင်ခြေကို ပစ်ခတ်နေပါတယ်။
ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီးကတည်းက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လှုပ်ရှားမှုမရှိခဲ့တဲ့ ဂျပန် စစ်ဘက်ဟာ လက်ရှိမှာ တရုတ်ရဲ့စစ်အင်အားကို စိုးရိမ်မှုကြောင့် စစ်တပ်အနေအထားကို လက်ရှိ ဂျပန်ဝန်ကြီးချုပ် Shinzo Abe လက်ထက်မှာ စစ်ဘက်ကို မြှင့်တင်ပြီး အခိုင်အမာ တည်ဆောက်နေ တာဖြစ်ပါတယ်။
ဒီအတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ပူးတွဲပြီး Ulchi လွတ်လပ်မှု ကာကွယ်စောင့်ရှောက်သူ UFG လို့ အမည်ပေးထားတဲ့ နိုင်ငံတ၀ှမ်း လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး လေ့ကျင့်မှုတခုကို ဆိုးလ်မြို့တော်မှာ ဒီကနေ့ လုပ်ခဲ့ကြပါတယ်။
ဆိုးလ်မြို့တော်၊ အမေရိကန်သံရုံးနားက ဂွမ်ဟွာမွန် မြေအောက်ရထားဘူတာရုံကို တိုက်ခိုက် ခံရတဲ့ပုံမျိုး လေ့ကျင့်မှုမှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

0 မှတ်ချက်များ for "တရုတ်စစ်ရေးအင်အားကို တန်ပြန်ဖို့အတွက် ဂျပန်စစ်ရေးလေ့ကျင့်မှု ပြုလုပ်"