ရုရှားလိုလားတဲ့ခွဲထွက်ရေးသမား ပစ်ခတ်မှုကြောင့် ယူကရိန်းဒုက္ခသည် အများအပြား သေဆုံး
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Luhansk မြို့မှာရှိတဲ့ ခရိုင်ရဲစခန်းကို ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေဆီကနေ ပြန်လည် သိမ်းပိုက်နိုင်ပြီလို့ ယူကရိန်းအစိုးရက
ပြောပါတယ်။
ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ Luhansk
မြို့မှာ သူပုန်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်း တပ်ဖွဲက အဲဒီဒေသက ခရိုင်ရဲစခန်းကို ပြန်လည် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
မြို့မှာ သူပုန်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်း တပ်ဖွဲက အဲဒီဒေသက ခရိုင်ရဲစခန်းကို ပြန်လည် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ဒုက္ခသည်တွေ လိုက်ပါလာတဲ့ယာဉ်တန်းကို ခွဲထွက်ရေးသမားပစ်ခတ်တဲ့ Grad ရော့ကက်
ဒုံးကျည်နဲ့ ထိမှန်ခဲ့လို့ အမျိုးသမီးနဲ့ကလေးတွေအပါအဝင် အများအပြားသေဆုံးခဲ့ရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီဒေသမှာ ပျံသန်းလာတဲ့ယူကရိန်းလေတပ်ပိုင် Mig-29 တိုက်လေယာဉ်တစင်းကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေက ပစ်ချခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် ရုရှားနိုင်ငံကလူသားချင်းစာနာတဲ့
အကူအညီတွေကို ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က အရာရှိတွေ စတင်စစ်ဆေးနေပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ကယ်ဆယ်ရေးပစ္စည်းတွေဖြန့်ဖြူးရေးအတွက် ပြေလည်အောင်ဖြေရှင်း ခဲ့ပြီးလို့ ပြောပါတယ်။


0 မှတ်ချက်များ for "ရုရှားလိုလားတဲ့ခွဲထွက်ရေးသမား ပစ်ခတ်မှုကြောင့် ယူကရိန်းဒုက္ခသည် အများအပြား သေဆုံး"