ISIS နဲ့တိုက်ခိုက်နေတဲ့ ကာဒ်လူမျိုးစုကို ဗြိတိန် လက်နက်ခဲယမ်းများ အကူအညီပေး
အီရတ်နိုင်ငံမြောက်ပိုင်းမှာ အစ္စလာမ္မစ် စစ်သွေးကြွ ISIS နဲ့တိုက်ခိုက်နေတဲ့ ကာ့ဒ်လူမျိုးစုတပ်ဖွဲ့ကို လက်နက်ခဲယမ်းများ တတိယနိုင်ငံကတဆင့် ပို့ဆောင်ပေးနေတယ်လို့ ဗြိတိသျှကာကွယ်ရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။
လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးတွေကို ဖမ်းဆီး
ခေါ်ဆောင်သွားနေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ချေမုန်းဖို့ ဗြိတိသျှက လူသားချင်းစာနာထောက် ထားမှုထက်ကျော်လွန်တဲ့ စစ်ရေးအကူအညီပေးလိုက်တာဖြစ်ပါတယ်။
ခေါ်ဆောင်သွားနေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ချေမုန်းဖို့ ဗြိတိသျှက လူသားချင်းစာနာထောက် ထားမှုထက်ကျော်လွန်တဲ့ စစ်ရေးအကူအညီပေးလိုက်တာဖြစ်ပါတယ်။
ဗြိတိသျှ စစ်လေယာဉ်တွေ အီရတ်နိုင်ငံအတွင်းပိုင်းအထိသွားရောက်ပြီး
အစ္စလာမ္မစ်စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေကို ရယူစုဆောင်းနေတယ်လို့လည်း ပြောပါတယ်။
အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ရှီးယားအီရပ်လူမျိုး၊ ယာဇီဒီ၊ ခရစ်ယန်တွေ အများအပြားသေးဆုံးပြီး လူ ၂ သန်းကျော် နေအိမ်စွန့်ခွ တောင်ကြားတွေမှာ ပုန်းအောင်းနေရကြပါတယ်။


0 မှတ်ချက်များ for "ISIS နဲ့တိုက်ခိုက်နေတဲ့ ကာဒ်လူမျိုးစုကို ဗြိတိန် လက်နက်ခဲယမ်းများ အကူအညီပေး"