တောင်ကိုးရီးယားနှင့် အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုးရီးယား ကန့်ကွက်နေတဲ့ Ulchi Freedom Guardian ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို တောင် ကိုးရီးယားနှင့် အမေရိကန်တို့  စတင်နေပြီဖြစ်ပါတယ်။

ဒီတနှစ် နှစ်နိုင်ငံပူးပေါင်း စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဩဂုတ် (၁၈)ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ကျင်းပ သွားမှာဖြစ်ပြီး နျူးကလီးယားတိုက်ခိုက်မှု တုံ့ပြန်တဲ့ စမ်းသပ်မှုများ ပါဝင်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

တောင်ကိုးရီးယားနှင့် အမေရိကန် ပူးပေါင်းစစ်ရေလေ့ကျင့်မှုကို တိုက်ခိုက်မယ်လို့ မြောက်ကိုးရီးယားက ခြိမ်းခြောက်ထားနေပါတယ်။

စစ်ရေးလေ့ကျင့်မှုကာလမှာ နိုင်ငံလုံခြုံရေး သတ်မှတ်ချက်အဆင့်ကို မြှင့်တင်ထားပြီး မြောက်ကိုးရီးယားရဲ့ ရန်လိုတဲ့ အပြုအမူမျိုးနဲ့ကြုံလာရင်တော့ ပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူသွားလို့ တောင်ကိုးရီးယား စစ်ဘက် ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

0 မှတ်ချက်များ for "တောင်ကိုးရီးယားနှင့် အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++