အစ္စလာမ္မစ် စစ်သွေးကြွက လူတွေကို အစုအပြုံလိုက် သတ်ဖြတ်

အီရတ်နိုင်ငံမြောက်ပိုင်းမှာ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွ ISIS က လူတွေကို အစုပြုံလိုက် သတ်ဖြတ်နေပါတယ်။

အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ ယာဇီးဒီးရွာက ရွာသူရွာသား ၈၀ ကျော်တို့ကို ဖမ်းဆီးသတ်ဖြတ်ပြီး ကလေးငယ်များနဲ့ အမျိုးသမီးတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးထားတဲ့ ကလေးများနဲ့ အမျိုးသမီးတွေကို မော်ဆိုးလ် မြို့အနောက်ဘက်က တဲလ်အာဖာဆီကို အစ္စလာမ္မစ် စစ်သွေးကြွက ခေါ်ဆောင်သွားတယ်လို့ လွတ်မြောက်လာတဲ့သူတဦးက ဘီဘီစီကို ပြောပါတယ်။

 ကော်ဂျူ ဆိုတဲ့ ကျေးရွာကိုလည်း အစ္စလာမ္မစ်စစ်သွေးကြွတပ်ဖွဲ့များဝင်လာပြီး ရွာသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။

အမေရိကန်မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်လို့လက်တုန့်ပြန်တဲ့အနေနဲ့အစ္စလာမ္မစ်စစ်သွေးကြွတွေက အခုလိုလုပ်တာ ဖြစ်နိုင်တယ်လို့ အနားယူတော့မယ့် အီရတ်နိုင်ငံခြားရေးဝန်ကြီး ဟိုရှာဇေဘာရီက ပြော ပါတယ်။

အစ္စလာမ်မစ်စစ်သွေးကြွတွေကို ခုခံတော်လှန်တိုက်ခိုက်နေတဲ့ ကားဒစ်ရှ်လူစုတပ်ဖွဲ့နှင့်အတူ စနေနေ့မှာ အမေရိကန်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အစ္စလာမ်မစ်စစ်သွေးကြွကြောင့် အီရတ်မြောက်ပိုင်းမှာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ၍ ကစင့်ကလျား ထွက်ပြေးတိမ်းရှောင် အတိဒုက္ခရောက်နေကြတဲ့ လူနည်းစုတိုင်းရင်းသားတွေကို ဂျာမန်အစိုးရ အကူအညီပေးပါတယ်။

0 မှတ်ချက်များ for "အစ္စလာမ္မစ် စစ်သွေးကြွက လူတွေကို အစုအပြုံလိုက် သတ်ဖြတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++