ဖွဲ့စည်းပုံအသစ် -ရေးဆွဲမယ်လို့ ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်များ ပြောကြား
ဒီမိုကရေစီနှင့် အမျိုးသားများ တန်းရေးအတွက် အားမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေးကို ၆ လအတွင်း ပြီးစီးအောင် ရေးဆွဲမယ်လို့ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရအမတ်တွေက ပြော ကြားလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်က ချုပ်ကိုင် ထားပြီး ပြည်သူ့ကို အကာအကွယ်မပေးနိုင်ဘူးလို့ ၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်များအဖွဲ့ အတွင်းရေး မှူး ဦးဒေဗစ်လှမြင့် ပြောပါတယ်။
အသစ်ရေးဆွဲမယ့်ဖွဲ့စည်းပုံဟာ ပင်လုံစာချုပ်ကိုအခြေခံပြီး ဒီမိုကရေစီနှင့် အမျိုးသားများတန်းရေး အတွက် အားမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပြီး ဒီလမှာ စတင်ရေးဆွဲမယ်လို့ ပြောပါတယ်။
ရေးဆွဲရေးကော်မတီမှာ ၇၅ ဦးရှိပြီး ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲအနိုင်ရအမတ်၂၅ ဦးနှင့် ကျန် ၅၀ ဦးတို့က တိုင်းရင်းသားအဖွဲ့တွေ၊ လူမူရေးအဖွဲ့တွေ၊ အများပြည်သူလေးစားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥပဒေပညာရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို ၆ လအတွင်း အပြီးရေးဆွဲမှာဖြစ်ပြီး ဥပဒေမူကြမ်းကို ပြည်သူ လူထုအား ဆက်လက်ချပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "ဖွဲ့စည်းပုံအသစ် -ရေးဆွဲမယ်လို့ ၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်များ ပြောကြား"