Ebola ဗိုင်းရပ်စ်ပိုးကြောင့် -သေဆုံးသူအရေအတွက် တိုးလာ
အာဖရိကတိုက်မှာ Ebola ဗိုင်းရပ်စ်ပိုးကြောင့် သေ ဆုံးသူအရေအတွက် ၁၁၄၅ ယောက်အထိ ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က
ပြောပါတယ်။
သောကြာနေ့က WHOရဲ့ထုတ်ပြန်တဲ့ကြေညာချက် ထဲမှာ ဖော်ပြချက်အရ သေဆုံးအရေအတွက်ဟာ ၇၆ ယောက်ရှိပြီး လိုင်ဘေးရီးယားနိုင်ငံက အများစုဖြစ်တယ်လို့ ဆိုပါတယ်။
Ebola ဗိုင်းရပ်စ် ကူးစက်ခံနေတယ်လို့ မသင်္ကာသူနဲ့ အတည်ပြုနိုင်တဲ့ ဝေဒနာရှင် စုစုပေါင်း ၁၅၂ ဦး လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
Ebola ဝေဒနာရှင်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ကလည်း ဒီကပ်ရောဂါကို
ထိန်းချုပ်နိုင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ ဆိုကြပါတယ်။
Ebola ဗိုင်းရပ်စ်ပိုးပြန့်ပွားနေတဲ့နေရာတွေကို ရောက်သွားတဲ့အခါ စစ်မြေပြင်လို
ခံစားခဲ့ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့အကြီးအကဲ Joanne Liu က ပြောပြီး ရောဂါပိုးကူးစက်ပြန့်ပွားတဲ့ ပမာဏဟာ ကြီးမားလွန်းတဲ့အတွက် ကျန်းမာရေးကုသပေးတဲ့ဌာနတွေမှာပါ
အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြော ပါတယ်။


0 မှတ်ချက်များ for "Ebola ဗိုင်းရပ်စ်ပိုးကြောင့် -သေဆုံးသူအရေအတွက် တိုးလာ"