ပါကစ္စတန်စိုးရကို ဆန္ဒပြတဲ့ အတိုက်ခံခေါင်းဆောင် ပစ်ခတ်ခံရ

ပါကစ္စတန်နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ရဲ့ ခေါင်းဆောင်ကို အစိုးရထောက်ခံတဲ့လူတစု က ကျောက်ခဲတွေနဲ့ပေါက်ခဲ့သလို သေနတ်နဲ့ ပစ်ခတ်လိုက်ပါတယ်။

အကျင့်ပျက်ချစားတယ်လို့ စွပ်စွဲထားတဲ့ ဝန်ကြီးချုပ် Nawaz Sharif အစိုးရကို ဖြုတ်ချဖို့ ကြာသပတေးနေ့မှာ ပါကစ္စတန် အတိုက် အခံခေါင်းဆောင် Imran Khan နဲ့ မူစလင်တရားဟောဆရာ Tahir ul-Qadri တို့က ဦးဆောင်ပြီး မော်တော်ယာဉ်တန်းတွေနဲ့ Lahore မြို့ကနေ မိုင်၂၃၀ကျော်ကွာဝေးတဲ့ မြိုတော် Islamabad ကို ချီတက်လာပါတယ်။

Gujranwala မြို့မှာ အစိုးရထောက်ခံတဲ့သူတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားပြီး ခေါင်းဆောင် Imran Khanရဲ့ကားကို ကျည်ဆန်ထိမှန်ခဲ့ပေမဲ့ ဒဏ်ရာမရခဲ့ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အစိုးရက မြို့တော်လမ်းမတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ လောက်ချထားပြီး အတိုက်အခံထောက်ခံ သူတွေကို ချီတက်ဖို့ ခွင့်ပြုခဲ့ပေမယ့် ဆန္ဒပြသူတွေကို ပိတ်ပင်ထားပြီး နေရာတော်တော်များများမှာလည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။

ဝန်ကြီးချုပ် Sharif ဟာ  ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲသမာမှုနဲ့အာဏာရခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးကနေ ဆင်းပေးဖို့နဲ့ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ အတိုက်ခံခေါင်းဆောင် Imran Khan က တောင်းဆိုပြီး တောင်း ဆိုမှု မရမချင်း မြို့တော် Islamabad မှာ သပိတ်စခန်းဖွင့်ပြီး သူတို့ရဲ့ ထောက်ခံသူတွေနဲ့အတူ ဆန္ဒပြမယ် လို့ ပြောကြားပါတယ်။

မူစလင်တရားဟောဆရာ Qadri ကလည်း အစိုးရက အတိုက်အခံထောက်ခံသူတွေကို အကြမ်းဖက်သမား
နှိမ်နင်းတဲ့ဥပဒေနဲ့ နှိပ်ကွပ်နေတယ်လို့ ပြောပြီး တရားမျှတမှုပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့သူတွေကို ရဲတွေက အကြမ်းဖက်ဖြိုခွဲခဲ့လို့  လူတဒါဇင်လောက် သေဆုံး ခဲ့ရပါတယ်။  

0 မှတ်ချက်များ for "ပါကစ္စတန်စိုးရကို ဆန္ဒပြတဲ့ အတိုက်ခံခေါင်းဆောင် ပစ်ခတ်ခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++