အီရတ်နိုင်ငံ ရေနံမြေ ရှိတဲ့နေရာဒေသတွေကို ထိန်းချုပ်နိုင်ဖို့ ISIS ကြိုးပမ်း

အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဘက်ပိုင်းက ရေနံမြေ ရှိတဲ့နေရာဒေသတွေကို  အစ္စလာမ်မစ် စစ်သွေးကြွ ISIS တွေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ကာ့ဒ်မျိုးနွယ်စု ပက်ရှ်မဲဂါတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲက ဆည်ကြီးတစ်ခုနဲ့ ရေနံမြေတွေကို သိမ်းယူလိုက်ပြီး မိုဆိုးလ်မြို့ အနီးမှာ ရှိတဲ့ မြို့ ၂ မြို့ ကိုလည်း သိမ်းပိုက် လိုက်ပါတယ်။

ISIS တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ နေရာဒေသတွေမှာ အစ္စလာမ်းမစ်ရဲ့ အနက်ရောင်အလံတွေ လွှင့်ထူ ထားတယ်လို့ မျက်မြင်သက်တွေက ပြောပါတယ်။

ဇူမာလို့ ခေါ်တဲ့ ကာ့ဒ်လူမျိုးစုတွေ အများစုနေထိုင်ရာကြတဲ့ဒေသမှာ အစ္စလာမ်းမစ် ISIS ရဲ့ အနက်ရောင် အလံတွေ လွှင့်ထူထားတာတွေ့ရပြီး ဆင်ဂျာဒေသမှာလည်း ISIS တို့ အလံတွေ လွှင့်ထားတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

0 မှတ်ချက်များ for "အီရတ်နိုင်ငံ ရေနံမြေ ရှိတဲ့နေရာဒေသတွေကို ထိန်းချုပ်နိုင်ဖို့ ISIS ကြိုးပမ်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++