ဆီးရီးယားနယ်စပ်မှာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ လက်ဘနွန်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား
ဆီးရီးယားနိုင်ငံ နယ်စပ် Arsal မြို့နဲ့ အနီးမှာ ဆီးရီးယား အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ လက်ဘနွန် တပ်ဖွဲ့တွေအကြား ၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံကနေ အကြမ်းဖက်မှုတွေ အဆိုးရွားဆုံး ကူးစက် ဖြစ်ပွားနေ တယ်လို့ ယူဆနေကြပါတယ်။
အစ္စလာမ်မစ်သူပုန်တွေကတော့ လက်ဘနွန်အစိုးရက ဆီးရီးယားအတိုက်အခံ ခေါင်းဆောင် Imad Ahmad Jomaa ကို ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် စနေနေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြော ပါတယ်။
တိုက်ပွဲထဲမှာ အစ္စလာမ်မစ်သူပုန်တွေဘက်က (၅၀) ကျော်သေဆုံးပြီး လက်ဘနွန်ဘက်ကလည်း စစ်သား (၁၆)ဦး ကျဆုံးပြီး (၂၂)ဦး ပျောက်ဆုံးနေတယ်လို့ လက်ဘနွန် စစ်တပ်က သြဂုတ်လ (၄)ရက်နေ့မှာ ပြော ပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ရာနဲချီတဲ့ လက်ဘနွန်အရပ်သားတွေက နေရပ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။


0 မှတ်ချက်များ for "ဆီးရီးယားနယ်စပ်မှာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ လက်ဘနွန်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား"