အမေရိကန် စစ်ဗိုလ်ချုပ်တဦး အာဖဂန် နစ္စတန်နိုင်ငံမှာ ပစ်သတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော်ရဲ့ အနောက်ဖက်မှာ အာဖဂန်နစ္စတန် စစ်ယူနီဖောင်းဝတ်ထားတဲ့ သေနတ်သမား ပစ်ခတ်ခဲ့လို့ အမေရိကန် စစ်ဗိုလ်ချုပ်တဦး သေဆုံးပြီး နိုင်ငံ တကာတပ်သား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။ 

ဗိုလ်ချုပ် Harold Greene ဟာ ဂျာမနီဗိုလ်ချုပ်တဦးအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ကဘူးလ်မြို့ တော် က Marshal Fahim ကာကွယ်ရေး တက္ကသိုလ်ကို ပုံမှန်သွားရောက် စစ်ဆေးစဉ်မှာ အခုလို ပစ်ခတ်မှု ခံရတာဖြစ်ပါတယ်။ 

ပစ်ခတ်ခဲ့သူ အကြမ်းဖက်သမားကို နိုင်ငံတကာ ပူးပေါင်း တပ်ဖွဲ့တွေကလည်း ပြန်လည်ပစ်ခတ်မှုကြောင့် အကြမ်းဖက် သမားလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အခုလိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး အာဖဂန်အရာ ရှိတွေနဲ့ မဟာမိတ်တပ်အာဏာပိုင်တွေ ပူးပေါင်းပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပင်တာဂွန် ပြန်ကြားရေးဌာနမှ ပြောခွင့်ရ အရာရှိ ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီက သတင်းစာ ရှင်လင်းပွဲမှာ ပြောကြားပါတယ်။ 

အာဖဂန်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ သေနတ်သမားဟာ အာဖဂန်နစ္စတန် စစ်ယူနီဖောင်း ဝတ်ထားတဲ့ အကြမ်းဖက်သမား ဖြစ်တယ်လို့ ပြောပါတယ်။ 

ဗိုလ်ချုပ် Harold Greene ဟာ အမေရိကန်ကြည်းတပ်မှာ ၃၄ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ အမေရိကန် အရာရှိတွေပြောထားပါတယ်။

0 မှတ်ချက်များ for "အမေရိကန် စစ်ဗိုလ်ချုပ်တဦး အာဖဂန် နစ္စတန်နိုင်ငံမှာ ပစ်သတ်ခံရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++