တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ထွက်ပြေးရတဲ့ဒေသခံ အရေအတွက် မြင့်တက်လာ

ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းမှာ ရုရှားအစိုးရကို လိုလားတဲ့ ယူကရိန်းသူပုန် ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်အစိုးရတပ်ဖွဲ့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရတဲ့ ဒေသခံအရေအတွက် မြင့်တက် လာနေ တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နေ့စဉ် ပဋိပက္ခ ဖြစ်ပွားရာ လုဟန့်စ်ခ်နဲ့ ဒွန်းညက်စ်ခ်ဒေသမှာ နေရာကနေ ထွက်ပြေးသူ တစ်နေ့ကို ၁ ထောင် ကျော်တယ်လို့လည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

ထွက်ပြေးနေရသူတွေဟာ  ထောက်ပံ့ရေးပစ္စည်းတွေ မစုံလင်တဲ့ ယာယီနေရာတွေမှာ နေထိုင်နေရပြီး ကျန်းမာရေးအတွက် အသုံးအဆောင်တွေ၊ အိပ်ယာတွေလို အခြေခံပစ္စည်းတွေ၊ သောက်သုံးရေတွေ ပြတ် လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုကြောင့် ၂ လအတွင်းမှာ နေအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒေသခံတွေ ၁ သိန်းကျော် ရှိပြီးလို့ သိရပါတယ်။

0 မှတ်ချက်များ for "တိုက်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ထွက်ပြေးရတဲ့ဒေသခံ အရေအတွက် မြင့်တက်လာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++