တူရကီ သမ္မတရွေးကောက်ပွဲ ၀န်ကြီးချုပ် Erdogan အနိုင်ရ

တူရကီနိုင်ငံရဲ့  သမ္မတကို ပထမဆုံးအကြိမ် တိုက်ရိုက်ရွေးချယ်တဲ့ ရွေးကောက်ပွဲမှာ တူရကီဝန် ကြီးချုပ် Recep Tayyip Erdogan က ပြိုင်ဖက်တွေကို မဲအပြတ်သတ်အနိုင်ရသွားပါတယ်။ 

မစ္စတာ Erdogan ဟာ ပြိုင်ဖက်နှစ်ဦးဖြစ်တဲ့ မဲအရေ အတွက် ၃၉ ရာခိုင်နှုန်းရရှိထားသူ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ခေါင်းဆောင်ဟောင်း Ekmeleddin Ihsanogluနဲ့  မဲအရေအတွက် ၉ % ရရှိထားသူ  ကာ့ဒ်လူမျိုး ကိုယ်စားလှယ်လောင်း Selahattin Demirtas တို့ကို အပြတ်အသတ် အနိုင်ရရှိ ခဲ့တာ ဖြစ်ပါတယ်။ 

မဲတွေအားလုံးနီးပါး ရေတွက်ပြီးတဲ့အချိန်ထိ ခရိုင်ရွေးကောက်ပွဲတွေက ရလဒ်တွေမှာ မစ္စတာ Erdogan က အပြတ်အသတ် အနိုင်ရနေတယ်လို့ တူရကီရွေးကောက်ပွဲ ကော်မရှင်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

အနိုင်ရသွားတဲ့အတွက် မစ္စတာ Erdogan ဟာ တူရကီသမ္မတတာဝန် ၅ နှစ် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူ မစ္စတာ Erdogan ဟာ မြို့တော် အန်ကာရာမှာ အောင်ပွဲခံ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ 

0 မှတ်ချက်များ for "တူရကီ သမ္မတရွေးကောက်ပွဲ ၀န်ကြီးချုပ် Erdogan အနိုင်ရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++