အီရန်လေယာဉ်ပျက်ကျ ခရီးသည် ၄၀ နီးပါးသေဆုံး
ခရီးသည် ၄၈ဦး လိုက်ပါလာတဲ့ အီရန်လေယာဉ် တစီးပျက်ကျလို့ ၃၉ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာ ရသွားတယ်လို့ အီရန်ပို့ဆောင်ရေး အရာရှိပြော ကြားချက်ကို ကိုးကားပြီး အီရန်နိုင်ငံပိုင် သတင်းဌာနက ရေးသားဖော်ပြ ပါတယ်။
၁၄၀ လို့ အမည်ပေးထားတဲ့ အီရန်ပြည်တွင်း ခရီးသည်တင်လေယာဉ်တစီးဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းက မြို့တော် တီဟီရန် မီဟရာဘတ် လဆိပ်ကနေ တာဘက်စ်မြို့ကို စတင်ပျံသန်းနေစဉ် ၄ မိနစ်အကြာမှာ စက်ချွတ်ယွင်းမှုကြောင့် လေဆိပ်အနီး လူနေရပ်ကွက်ပေါ် ပျက်ကျတာလို့ ဆိုပါတယ်။
အခု ပျက်ကျနေတဲ့ လေယာဉ်ပျံဟာ သက်တမ်း ၂၂ နှစ်ကျော်နေတဲ့ လေယာဉ်အိုကြီးဖြစ်ပါတယ်။
အခုလို လေယာဉ်ပျက်ကျမှုတွေ မကြာခဏ ဖြစ်ပွားနေရတာဟာ အီရန်ကို အမေရိကန်နဲ့ ဥရောပတို့က စီးပွားရေးပိတ်ဆို့ထားကြောင့် လေယာဉ်အပို ပစ္စည်းတွေကို ဝယ်ယူဖို့ ခက်ခဲပြီး သက်တမ်း ရှည်ကြာနေ ပြီဖြစ်တဲ့ လေယာဉ်တွေကိုသာ အသုံးနေရတဲ့အတွက် ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြကြပါတယ်။


0 မှတ်ချက်များ for "အီရန်လေယာဉ်ပျက်ကျ ခရီးသည် ၄၀ နီးပါးသေဆုံး"