အစွန်းရောက် အစ္စလာမ္မစ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ အိုဘားမား ပြော

အီရတ်နိုင်ငံမြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ရင်ဆိုင်နေရတဲ့ အီရတ်ပြည်သူတွေကို အမေရိကန် အနေနဲ့ လက်ပိုက်ကြည့်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ရုပ်မြင်သံကြားကနေ ပြောကြား လိုက်ပါတယ်။ 

 ဒေသတွင်းက အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ ခရစ်ယာန်ဘာသာဝင်နဲ့ တခြားလူနည်းစုတွေကို လူမျိုးတုံးသတ်ဖြတ်နေတဲ့ အစွန်းရောက် ဆွန်နီ အစ္စလာမ္မစ် စစ်သွေးကြွ ISIS တွေကို အမေရိကန်အနေနဲ့ လိုအပ်သလို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ 

စစ်သွေးကြွတွေကို စစ်ရေးအရ အမေရိကန်ရဲ့ အရေးယူမှုဟာ လပေါင်းများစွာကြာမြင့်လာနိုင်ပြီး အပြီးအပိုင် နှိမ်နှင်းဖို့ကတော့ ခိုင်မာတောင့်တင်းတဲ့ အီရတ်အစိုးရရှိမှ ဖြစ်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ 

အစွန်းရောက် ဆွန်နီအစ္စလာမ္မစ် စစ်သွေးကြွ ISIS တွေကြောင့် စင်ဂျားတောင်ပေါ်မှာ ပိတ်မိနေကြတဲ့ ခရစ်ယန်၊ ယာဇဒီနဲ့ အခြားလူနည်းစုဒုက္ခသည် ၂၀၀,၀၀၀ ကျော်တို့အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို အမေရိကန်နဲ့ ဗြိတိန်တို့ က လေယဉ်ပေါ်ကနေ ချပေးခဲ့ပါတယ်။

ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ ဖန်တီးပေးဖို့နဲ့ အကူညီတွေ ဆက်လက်ပေးနိုင်ဖို့ အတွက် အမေရိကန်နဲ့ ဗြိတိန်တို့ ရဲ့  အားထုတ်မှုမှာ ပါဝင်မယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ 

အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းရှိ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဆွန်နီအစ္စလာမ္မစ် စစ်သွေးကြွ ISIS တွေဟာ အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်နိုင်ပြီးဟု ကြေညာတဲ့နောက် အစ္စလာမ် ဘာသာဝင်မဟုတ်တဲ့သူတွေအပေါ် နည်းပေါင်းစုံ ညှင်းပမ်းနှိပ်စက် မျိုးတုံးသတ်ဖြတ် ဂျီဟတ်လုပ်လာ ပါတယ်။ 

အကြမ်းဖက်သတ်ဖြတ် ခံနေရတဲ့ အီရတ်ပြည်သူတွေကို ကာကွယ်ပေးကြဖို့ ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့တဲ့အတိုင်း လူသားချင်းအပေါ် စာနာထောက်ထားကူညီတတ်တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အမိန့်နဲ့ အမေရိကန်လေတပ်က အစွန်းရောက် ဆွန်နီအစ္စလာမ္မစ် စစ်သွေးကြွ ISIS တွေကို ဩဂုတ်(၈)ရက် နံနက်အစောပိုင်းမှာ စတင် ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။

0 မှတ်ချက်များ for "အစွန်းရောက် အစ္စလာမ္မစ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ အိုဘားမား ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++