အစ္စရေးနဲ့ ဟားမတ်စ် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ထပ်မံသဘောတူ

ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေ နောက်ထပ် ၃ ရက် ရပ်ဆိုင်းထားဖို့ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ နှစ်ဖက် စလုံးက သဘောတူလိုက်တယ်လို့ တနင်္ဂနွေနေ့မှာ အီဂျစ်အစိုးရက ပြောကြားလိုက်ပါတယ်။ 
 
သဘောတူညီချက်အရ တိုက်ခိုက်မှုတွေကို ဂရင်းနစ် စံတော်ချိန် ၂၁ နာရီမှာ စတင်ရပ်ဆိုင်းထားမှာဖြစ်ပြီး ဂါဇာမှာ တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ အီဂျစ်မှာ ထပ်မံဆွေးနွေးညှိနှိုင်းဖို့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း ၃ ရက်ကြာ အပစ်ရပ်စဲကြဖို့ အစ္စရေးနဲ့ ဟားမတ်စ်တို့က သဘောတူ ညီမှုရရှိခဲ့ပါတယ်။ ဒါပေမယ့် ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံထဲကို ရော့ကက်ဒုံးပျံတွေနဲ့ ဆက်လက် ပစ်ခတ် ခဲ့တဲ့အတွက် သောကြာနေ့မှာဘဲ ပျက်ပြားသွားခဲ့ပြီး အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ ပြန်ပြီး ပြုလုပ် လုပ်ခဲ့ရပါတယ်။ 

ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံထဲကို ရော့ကက်နဲ့ ပစ်ခတ်နေတာ မရပ်မချင်း ဆွေးနွေးပွဲကို ပြန်လာမှာ မဟုတ်ဘူးလို့  အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုက ပြောကြားပြီး အီဂျစ်နိုင်ငံမှာ ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

0 မှတ်ချက်များ for "အစ္စရေးနဲ့ ဟားမတ်စ် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ထပ်မံသဘောတူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++