အငြင်းပွားနေကြတဲ့ နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် ပစ်ခတ်

တင်းမာမှုတွေ ဖြစ်ပေါ်တဲ့နောက် သူပိုင်ကိုယ်ပိုင် ငြင်းပွားနေတဲ့  နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်ခဲ့တာကြောင့် ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ပါတယ်။

နှစ်နိုင်ငံနယ်နိမိတ်ပေါ်မှာ ရှိတဲ့ Kashmir ဒေသကို သူပိုင် ကိုယ်ပိုင် အိန္ဒိယနဲ့ ပါကစ္စတန် ငြင်းပွားကြပြီး စနေနေ့မနက်မှာ အပြန်အလှန် ပစ်ခတ်ကြပါတယ်။

ပစ်ခတ်မှုကြောင့် အိန္ဒိယဖက်က ၂ ဦးနဲ့ ပါကစ္စတန်ဖက်က၂ ဦး သေဆုံးသွားပြီး ဘယ်သူက အရင်စတင်တယ်ဆိုတာကို တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။

အိန္ဒိယဆိုင်ရာ ပါကစ္စတန်သံအမတ်က Kashmir ခွဲထွက်သူတွေကို တွေ့ဆုံခဲ့တာကြောင့် ပါကစ္စတန် နဲ့ တွေ့ဆုံဖို့ အစီအစဉ်ကို အိန္ဒိယဖက်ပယ်ဖျက်ပြီး တဖက်နဲ့တဖက် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပါကစ္စတန်အနေနဲ့ Kashmir ခေါင်းဆောင်တွေနဲ့တွေ့ဆုံတာဟာ အိန္ဒိယပါကစ္စတန် အစည်းအဝေးမှာ Kashmir ကိစ္စ ပြေပြေလည်လည် အဖြေရှာနိုင်အောင်သာ ဖြစ်တယ်လို့ ပါကစ္စတန်က ပြောပါတယ်။

0 မှတ်ချက်များ for "အငြင်းပွားနေကြတဲ့ နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် ပစ်ခတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++