ISIS အန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူ ၁ သန်းကျော်ရှိပြီ
အီရတ်နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွ ISIS ရဲ့ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြတဲ့ဒေသခံ ၁.၂သန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က သြဂုတ် ၂၁ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။
နေ့စဉ် လူအနည်းဆုံး ၃၀၀ ကျော် ပေ့ရှ်ကာဘာ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာတဲ့သူတွေ ၃ ပတ်အတွင်း သိသိသာသာတိုးလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်တယ်လို့ UNHCR ပြန်ကြားရေး အရာရှိ နေ့ဒ်ကိုးလ်ဘ် က ပြောပါတယ်။
အီရတ်မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေကို အစ္စလာမ္မစ် စစ်သွေးကြွ ISIS တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ ကတည်းက ထောင်သောင်းချီ ဒေသခံတွေက ထွက်ပြေးနေကြရပြီး အိမ်နီးချင်း ဆီးရီးယားနိုင်ငံထဲ ပြေးဝင် ခိုလှုံနေရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့မှာ အမေရိကန် လေကြောင်းအကာကွယ်နဲ့ ကာဒစ်ရှ်မြို့ အာရ်ဘီမှာရှိတဲ့ ဒုက္ခသည် ၅ သိန်းလောက်အတွက် စားနပ်ရိက္ခာတွေကို UNHCR က ပို့ပေးနိုင်ခဲ့ပါတယ်။


0 မှတ်ချက်များ for "ISIS အန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူ ၁ သန်းကျော်ရှိပြီ"