ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်၏ စိတ်ချမ်းမြေ့စေသည့် အကြောင်းတရား (၁၀)ပါး

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်၏ စိတ်ချမ်းမြေ့စေသည့် အကြောင်းတရား (၁၀)ပါး
၁။ နေသာ သလိုနေသွားပါ။ 
ကြုံနေရတဲ့ အကောင်းအဆိုးမှန်သမျှကို စီရင်ဆုံးဖြတ်ခြင်း မပြုပဲနေလိုက်ပါ။ “သင်တို့သည် စီရင်ဆုံးဖြတ်ခြင်း မခံရစေရန် သူတစ်ပါးကို စီရင်ဆုံးဖြတ်ခြင်းမပါပါနှင့်” (မာတေးဦး ၇း၁) 

၂။ တစ်ပါးသူအတွက် ဘဝကို ဆက်ကပ်ပါ။ 
လိုအပ်နေတဲ့ သူတွေအတွက်သင့်ရဲ့ငွေကြေးနဲ့အချိန်များကို ပေးလိုက်ပါ။ ကန်ထဲကရေသေလို ထိုင်မနေ ပါနှင့်။ ရှိသမျှနဲ့ ရက်ရောစွာဝေမျှပါ။ 

၃။ ငြိမ်သက်စွာ လှုပ်ရှားပါ။ 
Ricardo Guiraldes (အာဂျင်တီးနား စာရေးဆရာ) အဆိုအရ နုစဉ်အခါမှာ ကျောက်ဆောင်ထက်က ကျတဲ့
ရေတံခွန်လို အသံဗလံတွေနဲ့စီးဆင်းတဲ့ ရေအလျင်လိုမဟုတ်ပဲ ရင့်ကျက် လာတဲ့အခါမှာ မြေပြင် အရပ်မှာ အသံမကြားရပဲ တသွင်စီး ဆင်းနေတဲ့ ရေအလျင်လို ကိုယ့်ပတ်ဝန်းကျင်ကို အနှောင့် အယှက်မပြုပဲ၊ ငြိမ်သက်စွာ လှုပ်ရှားနေထိုင်ပါ။ 

၎။ အားလပ်ချိန်ယူပါ။ 
 မိသားစုနဲ့ ကစားပါ။ အပြင်သွားပါ။ တစ်ချိန်လုံး စီမံချက် အတွေးတွေနဲ့ အချိန်မကုန်ပါစေနဲ့၊ အချိန်ကို အကျိုးရှိရှိဖြုန်းပါ၊ ငွေကို မဖြုန်းပါနဲ့။ 

၅။ တနင်္ဂနွေတစ်ရက်ကို မိသားစုအတွက်ထားပါ။ 
ဥပုသ်(တနင်္ဂနွေ)နေ့ကို စောင့်လော(ထွက်မြောက်ရာကျမ်း ၂၀း၈)တစ်နေ့တာကို ကမ္မဌာန်းထောက်ရှုခြင်း၊ ဆုတောင်း ခြင်းစတာတွေကိုပြုရင်း မိသားစုနဲ့အတူဖြတ်သန်းပါ။ 

 ၆။' လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပါ။ 
လူငယ်တွေကိုအလုပ်အကိုင်ရရှိစေတာဟာ အနာဂတ် အတွက် စိတ်ချမ်းသာစရာအကြောင်းရင်းတစ်ခုပါ။ အလုပ် အကိုင်ရရှိရေးဆိုတာကို ကြွေးကြော်ပြီး သဘာဝပတ်ဝန်း ကျင်ကိုဖျက်ဆီးတာမျိုးတော့မဖြတ်စေ ပါနှင့်၊ သူဌေးဖြစ်ဖို့ အရေးထက် အလုပ်ကိုင်ကောင်းတွေကို ဖော်ထုတ်ပြီး စိတ် ချမ်းသာစွာ လုပ်ကိုင်နိုင်ရေး သာ အဓိကပါ။ 

၇။'သဘာဝပတ်ဝန်းကျင်ကို ရိုသေလေးစားပါ။ 
သဘာဝပတ်ဝန်းကျင်ကို ရိုသေတယ်ဆိုတာက လေထုကို မညစ်ညမ်းစေဖို့၊ ရေထုကိုအဆိပ်မသင့်စေဖို့နဲ့ သစ်တောတွေ မဖြုန်းတီးမိစေဖို့ပါပဲ။ သဘာဝပတ်ဝန်းကျင်ကိုမရိုမသေ သုံး ခဲ့လို့၊ သဘာဝဘေးဒဏ်ကို ခံနေကြရတာ သာဓကပါ။ 

 ၈။'အနုတ်လက္ခဏာ မှန်သမျှအမြန်အဆုံးသတ်ပါ။ 
ကျွန်ုပ်တို့တစ်တွေကို အနှောင့်အရှက်ပေးနေတဲ့ အဖျက်ရန် ဘေးတွေကို ညည်းတွားနေမဲ့အစား ဝေးဝေး ထားလိုက်ပါ။ 

၉။'တပါးသူရဲ့ ဘာသာတရားကို လေးစားပါ။ 
လူတိုင်းသူနည်းသူဟန်နဲ့ ကမ္ဘာကြီးကို ရှုမြင်သုံးသပ်တတ် ကြပါတယ်။ အတင်းအဓမ္မဟောပြော သွန်သင် တာဟာကိုယ့် ဘာသာတရားကို ဒုက္ခိတဖြစ်စေတတ်ပါတယ်။သခင်ခရစ်တော်ရဲ့ မှာတမ်းဖြစ်တဲ့ “ငါမိန့်မှာ ထားသမျှာကို လိုက်နာစေခြင်းဌါသူတို့ကိုဟောပြောသွန်သင်ကြလော့” (မာတေးဦး ၂၈း၂၀) ဆိုတဲ့နေရာမှာ ပါးစပ်နဲ့ဟောပြောတာ ထက် အကျင့်အမူနဲ့နေထိုင်ဟောပြောတာက ခရစ်တော်ရဲ့ အနုဝါဒ တရားပါပဲ။ 

၁၀။' ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ပါ။
 ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ရယ် လို့ဖြစ်လာချိန်ကစပြီး မပြတ်ဟောပြော လာခဲ့ပါတယ်။ ဂျူးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့ ဂျေရုဇလင်ကို ဒေသ စာရီကြွချီခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ငြိမ်းချမ်းရေးအတွက် မပြတ်ဆုတောင်းနေဆဲပါ။ 

- Jay Parini (Editor) Aug,4,2014

0 မှတ်ချက်များ for "ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်၏ စိတ်ချမ်းမြေ့စေသည့် အကြောင်းတရား (၁၀)ပါး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++