အစ္စလာမ္မစ် စစ်သွေးကြွတွေက ယီမင်စစ်သားတွေ ကို ပြန်ပေးဆွဲပြီးသတ်ဖြတ်
ယီမင်နိုင်ငံမှာ အယ်လ်ကိုင်းဒါး နောက်ခံပေးထားတဲ့ Ansar al Sharia အစ္စလာမ္မစ် စစ်သွေးကြွတွေက ယီမင်စစ်သား (၁၄)ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ် လိုက်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ယီမင်စစ်သားတွေဟာ သြဂုတ်(၈)ရက်နေ့က အိမ်အပြန်လမ်းမှာ ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ စစ်သား (၁၄)ဦး တို့ရဲ့ ရုပ်အလောင်းတွေကို Seiyoun မြို့ အနီး လမ်းပေါ်မှာ တွေ့ရတယ်လို့ ယီမင်အာဏာပိုင်တွေက ပြောပါတယ်။
စစ်သွေးကြွတွေဟာ စစ်သားများ လိုက်ပါ စီးနင်းလာတဲ့ ဘတ်စ်ကားတစီးကို ရပ်ခိုင်းစစ်ဆေးပြီး ပစ်သတ် လိုက်တာ ဖြစ်တယ်လို့ မြင်းတွေ့ ရတဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်သွေးကြွတွေကလည်း အမေရိကန်လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေ အတွက် လှည့်စားတဲ့အနေနဲ့ ယီမင်စစ်သွား ၁၄ ယောက်ကို သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံအမြောက်-ရှေ့ပိုင်း Wadi Hadramout ဒေသမှာ Seiyoun မြို့ ကို သိမ်းပိုက်ဖို့ ကြေညာထားတဲ့ Ansar al Sharia စစ်သွေးကြွတွေနဲ့ ယီမင်းအစိုးရတပ်ဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စစ်သွေးကြွဘက်က ၂၅ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။__Source: Yahoo

0 မှတ်ချက်များ for "အစ္စလာမ္မစ် စစ်သွေးကြွတွေက ယီမင်စစ်သားတွေ ကို ပြန်ပေးဆွဲပြီးသတ်ဖြတ်"