အမျိုးသားများ တန်းတူအခွင့်အရေးအတွက် အားမခံပေးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး အရေးတကြီး လိုအပ်နေဟု ကယန်းပြည်သစ်ပါတီက ပြော

အမျိုးသားများတန်းတူ အခွင့်အရေးနှင့် ဒီမိုကရေးစီ အခွင့်အရေးအတွက် အားမခံပေးနိုင်တဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအသစ်တရပ်ပေါ်ပေါက် လာရေး အရေးတကြီး လိုအပ်နေတယ်လို့
နှစ်(၅၀)ပြည့် ပါတီမွေးနေ့ အခမ်းအနားမှာ ကယန်းပြည်သစ်ပါတီက  ပြောကြားလိုက်ပါတယ်။


၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးတို့ရဲ့ အခြေခံအခွင့် အရေးတွေကို အကာအကွယ် ပေးမှု မရှိသည့်ပြင် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အဟန့် အတားဖြစ်နေတယ်လို့ ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို စ၊ လယ်၊ ဆုံး ပြင်ဆင်ရေး (သို့တည်းမဟုတ်) အမျိုးသားများ တန်း တူရေးနှင့် ဒီမိုကရေးစီအခွင့်အရေးအတွက် အားမခံချက်ပေးနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ် တရပ် ပူးပေါင်းရေးဆွဲရေးက အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားနယ်မြေဒေသအချို့တွေမှာ အစိုးရတပ်ဖွဲ့တွေ ထိုးစစ်ဆင်ရေး ရပ်တန့်မှုမရှိသေးတာဟာ စစ်မှန်သောငြိမ်းချမ်းအတွက် ခိုင်မာတဲ့ အပြန်အလှန်ယုံကြည်မှု မတည်ဆောက်နိုင်သေးဘူး လို့လည်း ဆိုပါတယ်။

နှစ်(၅၀)ပြည့် ကယန်းပြည်သစ်ပါတီ၏ မွေးနေ့ အခမ်းအနားကို ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဆီးဘူးဒေသမှာ သြဂုတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ကယန်းပြည်သစ် ပါတီဗဟုတ်ကော်မတီများ၊ ကယန်းပြည်သစ်တပ်မတော်ရဲ့ တပ်ခွဲမှုအဆင့် ရဲဘော်များ (၁၀၀) ကျော်နှင့်
ဒေသအသီးသီးက ကျေးရွာအုပ်စုတို့ရဲ့ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါတယ်။ 

0 မှတ်ချက်များ for "အမျိုးသားများ တန်းတူအခွင့်အရေးအတွက် အားမခံပေးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး အရေးတကြီး လိုအပ်နေဟု ကယန်းပြည်သစ်ပါတီက ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++