ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အီဂျစ်သမ္မတ တိုက်တွန်း

ဂါဇမှာ အသေအပျောက် သွေးမြေကျ ဒဏ်ရာ ရကြတာတွေ အဆုံးသတ်နိုင်ရေးအတွက် အပြန်အလှန် တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးကနေတဆင့် စေ့စပ် ညှိနှိုင်းမှုတွေ ပြုလုပ်ကြဖို့ အီဂျစ်သမ္မတ အယ်လ် စီစီးက တိုက်တွန်း ပြောကြားလိုက်ပါတယ်။ 

 နှစ်ဖက်ကြား ကြာရှည် အပစ်အခတ် ရပ်စဲနိုင်ဖို့ ကုလသမဂ္ဂ၊ အမေရိကန်အစိုးရတို့နှင့်အတူ ပါဝင်လာတဲ့ အီဂျစ်အစိုးရက အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေးဘက်က အခွင့်အလမ်း ဖွင့်ပေး ထားလို့သမ္မတ အယ်လ်စီစီးက ဆိုပါတယ်။ 

 နိုင်ငံတကာရဲ့ အဆိုပြုတဲ့ အပစ်အခတ် ရပ်စဲရေးအစီအစဉ် လက်ခံသဘောတူတိုင်းမှာ ဟားမတ်စ် စစ်သွေး ကြွတွေက အစ္စရေးတပ်သားတွေကို အလစ်အငိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်တန် ယာဟုက ပြောပါတယ်။ 

ဟားမတ်စ်ဘက်ရဲ့ ကတိက၀တ်တွေကို တာဝန်ခံပေးခဲ့တဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တို့အနေနဲ့ အဲဒီလိုကစ္စအပေါ် တာဝန်ယူတာဝန်ခံမှု ရှိဖို့လိုပါတယ်။ 

အစ္စရေး ဂျူးလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ ဟားမတ်စ် စစ်သွေးကြွ ရဲ့နယ်စပ် ဖြတ်ကျော် လိုဏ်ခေါင်းတွေအား ဖျက်ဆီးပြီး အစ္စရေး ပြည်သူတွေဘေးရန် ကင်းကင်းနေထိုင်နိုင် တဲ့အထိ ဆက်တိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ပြောပါတယ်။ 

 ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြတဲ့ သောကြာနေ့မှာဘဲ ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေးစစ်သား ၂ ဦးကို သတ်ဖြတ်လိုက်ပြီး အရာရှိတစ်ဦးကို ပြန်ပေးဆွဲလိုက်ပါတယ်။ 

အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးဟု အစ္စရေး ကြေညာလိုက်တဲ့နောက် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွ နောက်ထပ် ၂၀ဝ ကျော် သေဆုံးသွားပါတယ်။

0 မှတ်ချက်များ for "ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အီဂျစ်သမ္မတ တိုက်တွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++