မြေငလျင် လှုပ်ခါတာကြောင့် တရုတ်မှာ လူပေါင်း ၁၅၀ သေ

တရုတ်နိုင်ငံ အနောက်တောင်ဘက်ပိုင်းမှာ အင်အားပြင်းတဲ့ မြေ ငလျင်လှုပ်ခါတာကြောင့် လူပေါင်း ၁၅၀ သေဆုံးသွားပြီး အများအပြား ဒဏ်ရာ ရရှိသွားကြပါတယ်။ 

အနား ဂွမ်ဇုနဲ့ ဆီချွမ်း ပြည်နယ်တွေမှာလည်း မြေငလျင်အရှိန်နဲ့ တုန်ခါမှုတွေကြောင့် အိမ်တွေ ကျောင်းတွေ အပါအဝင် အဆောက်အဦး အများအပြား ပြိုကျ ပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ကုန်တယ် လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ 

တရုတ်နိုင်ငံ အနောက်တောင်ဘက်ပိုင်းဟာ ငလျင်ကြောရှိတဲ့ နယ်မြေတခုပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ပြင်းအား ရစ်ခ်ျတာ ၆ ဒသမ ၁ ရှိတဲ့ မြေငလျင်တခုဟာ တရုတ်နိုင်ငံယူန်ပြည်နယ် က ဝေးလံတဲ့ တောင်တန်း ဒေသကို ဗဟိုပြု လှုပ်ခါသွားတာ ဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

0 မှတ်ချက်များ for " မြေငလျင် လှုပ်ခါတာကြောင့် တရုတ်မှာ လူပေါင်း ၁၅၀ သေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++