ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

(၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင်ပါတယ်။ 

(၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံး ခုန်နှုန်း မြန်စေပါတယ်။ 
ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါ တယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။ 

(၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။ 

(၄) ကြိုးခုန်ခြင်း လေ့ကျင့်ခန်းဟာ ဦးနှောက်အာရုံ စူးစိုက်မှု အားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်။ 

 (၅) ဒီလေ့ကျင့်ခန်းဟာ နေရာကျယ်ကျယ် မလိုသည့် အပြင် အချိန်လည်း အနည်းငယ် ပေးရုံမျှဖြင့် ခန္ဓာကိုယ် အတွက် အကျိုးကျေးဇူး များစွာကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ကြိုးခုန်ခြင်း လေ့ကျင့်ခန်းကို လူတိုင်း ကစားသင့် ပါတယ်။ 

___ ကျော်လင်းနိုင်

0 မှတ်ချက်များ for "ကြိုးခုန်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++