လယ်ယာမြေတွေ - ပြန်ရရေး တိုင်းရင်းသားဒေ သခံတွေ ဆန္ဒပြတောင်းဆို
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်မှာ သိမ်းဆည်းခံ ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး ဒေသခံ တိုင်းရင်းသားပြည်သူတွေက ဒီနေ့မှာ တောင်းဆို ဆန္ဒပြမှု ပြုလုပ်ကြပါတယ်။
ရွှေညောင်၊ ဟဲဟိုး၊ အေးသာယာမြို့ သစ်၊ စက်မှုဇုန်၊ ဘုရားဖြူ၊ တောင်နီ၊ ကျောက်နီ၊ ကွမ်လုံ၊ ရေပူ၊ ညို့မီး၊ နောင်ကား ဒေသတွေက ပအိုဝ်း၊ ဓနုနဲ့ ရှမ်း စတဲ့ ဒေသခံတိုင်းရင်းသားပြည်သူ ၅၀၀ ကျော် ပါဝင် ခဲ့ကြတယ်လို့ တောင်းဆိုဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဦးတင်ရွှေက ပြောပါတယ်။
ဒေသမှာရောက်ရှိလာတဲ့ ကုမ္ပဏီတွေ၊ ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့ နှင့်
ပြည် သူ့စစ်တပ်ဖွဲ့တွေက ဒေသခံပြည်သူပိုင် လယ်ယာမြေ ဧကပေါင်း ၆၀၀၀ ကျော်ကို သိမ်းဆည်း ခဲ့တာဖြစ်ပါတယ်။
လယ်ယောမြေသိမ်းခံရ ဒေသခံတောင်သူတွေဟာ မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ပြန်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်တုန်းက ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့ကိုလည်း အိတ်ဖွင့်စာပေးပို့ ခဲ့ကြတယ်လို့ သိပါတယ်။
ဘာမှအကြောင်းမထူးတော့ အခုလို ထပ်မံဆန္ဒပြရတာဖြစ်တယ်လို့ ရှမ်းပြည်နယ် တောင်သူ လယ်သမား
ရေးရာ ကော်မတီအဖွဲ့ဝင် ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဦးတင်ရွှေက ပြောပြီး သိမ်းဆည်းခံမြေတွေ ပြန်လည် ရရှိရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်လို့ လည်း ဆိုပါတယ်။
ဆန္ဒပြတောင်သူတွေဟာ တောင်ကြီးမြို့အဝင်မုဒ်ဦးကနေ အေးသာယာစက်မှုဇုန်အထိ ၁ နာရီ ကျော်ကြာ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အေးသာယာစက်မှုဇုန်ခန်းမရှေ့အရောက်မှာ ဆန္ဒပြပွဲ ဦးဆောင် သူတွေက သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။


0 မှတ်ချက်များ for "လယ်ယာမြေတွေ - ပြန်ရရေး တိုင်းရင်းသားဒေ သခံတွေ ဆန္ဒပြတောင်းဆို"