အာဖရိကနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၉၀၀)ကျော် ရှိပြီးလို့ ဆို

အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ (၉၀၀)ကျော် သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သြဂုတ်လ (၆)ရက်နေ့မှာ ထုတ်ပြန် ပြောကြား လိုက်ပါတယ်။

ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီအာရာ လီယွန်းနိုင်ငံတို့မှာ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ အလွန်မြင့်တက်နေတယ်လို့ ဆိုပါတယ်။

အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုတွေဟာ နိုင်ဂျီးရီးယားနိုင်ငံမှာလည်း ဖြစ်ပွားလျက်ရှိပြီး၊ လူနာတွေကို ပြု စုစောင့်ရှောက်တဲ့ သူနာပြုတစ်ဦး အပါအ၀င် လူ(၂)ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

ယခုလ အစောပိုင်းကတည်းက ပြင်သစ်အစိုးရဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေတဲ့ အာဖရိကနိုင်ငံ (၄)နိုင်ငံသို့ ခရီးသွားလာခြင်းမှ ရှောင်ကျဉ်ဖို့ အကြံပြုထားပြီး၊ ဂရိနိုင်ငံကလည်း အလားတူ သတိပေးချက်ကို သြဂုတ်လ(၆)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့အရေးပေါ် ကျန်းမာရေးဆိုင်ရာ အခြေအနေ တစ်ရပ် အဖြစ် ထုတ်ပြန်သွားမလားဆိုတာနဲ့ ပတ်သက်ပြီး WHO က သြဂုတ်လ(၆)ရက်နဲ့ (၇)ရက်နေ့တွေမှာ အရေးပေါ်စည်းဝေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

0 မှတ်ချက်များ for "အာဖရိကနိုင်ငံတွေမှာ အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၉၀၀)ကျော် ရှိပြီးလို့ ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++