အီရတ်အစ္စလာမစ် စစ်သွေးကြွတွေကို အမေရိကန်လေကြောင်း တိုက်ခိုက်မှု စတင်
အီရတ်နိုင်ငံ မြောက်ပိုင်း မြို့တွေကို သိမ်းယူထားတဲ့ အစ္စလာမစ် စစ်သွေးကြွတွေအပေါ် အမေရိကန် က လေကြောင်း တိုက်ခိုက်မှု စတင်လိုက်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောပါတယ်။
အီရတ်နိုင်ငံ လူနည်းစု ကာ့ဒ် တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ရာမှာ စစ်သွေးကြွတွေက အသုံးပြုနေခဲ့တဲ့ အမြောက်တွေ သိုလောင်ထားတဲ့ Irbil မြို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီးက အီရတ်နိုင်ငံ မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု
ဟန့်တားပေးကြဖို့ နိုင်ငံတကာတွေ ကို အစောပိုင်းက တောင်းဆိုခဲ့ပါတယ်၊၊
အမေရိကန် သမ္မတ အိုဘားမားကလည်း Irbil မြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကသံတမန်တွေရဲ့ လုံခြုံရေးအတွက် အီရတ်နိုင်ငံထဲကို အမေရိကန်တပ်ဖွဲ့တွေ လွှတ်မှာ မဟုတ်ဘဲ လေကြောင်းကနေ တိုက်ခိုက်ဖို့ ကြာသပတေးနေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
အစ္စလာမစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက် နှိပ်ကွပ်သတ်ဖြတ်မှုတွေကြောင့် ယာဇီဒီတွေနဲ့ ခရစ်ယာန်တွေ စုစုပေါင်း ၂သိန်းလောက် အိုးအိမ်စွန့် ပြေးခဲ့ကြရပြီး အီရတ်မြောက်ပိုင်း မြို့တွေကနေ ထွက်ပြေးနေကြရ ပါတယ်။
ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ အထောက်အပံ့ ပစ္စည်းတွေကို အမေရိကန်က လေကြောင်းကနေ ကြဲချပေးပါတယ်။
ISIS ဆွန်နီ အစ္စလာမစ် စစ်သွေးကြွတွေဟာ အီရတ် မြောက်ပိုင်းက မြို့တွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ပြီးနောက် အစ္စလာမစ်နိုင်ငံတော်ဟု ကြေညာလိုက်ပြီး ခရစ်ယာန်ဘာသာဝင်တွေနဲ့ တခြားလူနည်းစုတွေကို နည်းပေါင်းစုံ နှိပ်ကွပ်သတ်ဖြတ်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။


0 မှတ်ချက်များ for "အီရတ်အစ္စလာမစ် စစ်သွေးကြွတွေကို အမေရိကန်လေကြောင်း တိုက်ခိုက်မှု စတင်"