ဖမ်းဆီးထားတဲ့ အစ္စရေးစစ်သားကို ချက်ချင်းလွှတ်ပေးဖို့ ဟာမားစ်ကို သမ္မတ အိုဘားမား တောင်းဆို

ဖမ်းဆီးထားတဲ့ အစ္စရေးစစ်သားကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဟာမားစ်အဖွဲ့ကို အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက် ပါတယ်။

ဟာမားစ်အဖွဲ့အနေနဲ့ ဂါဇာက အခြေအနေတွေ ကို ပြေလည်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အစ္စရေးအပေါ် ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုပြီး ဖမ်းဆီး ထားတဲ့ အစ္စရေးစစ်သားကိုလည်း လွှတ်ပေးပေးဖို့ လိုတယ်လို့ သောကြာနေ့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတက ပြောပါတယ်။

ဟာမားစ်ဘက်ရဲ့ ကတိကို အစ္စရေးလ်နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယုံကြည်မှုမရှိဘူးဆိုရင် ပျက်သွားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပြန်လုပ်ဖို့က အရမ်းကို ခက်လိမ့်မယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

မည်သည့် ရန်လိုတိုက်ခိုက်မှုမျိုးကိုမဆို အစ္စရေးက မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

စစ်ပွဲမှာ အရပ်သားပြည်သူတွေကို လူသာဒိုင်းအဖြစ် အသုံးပြုနေရတာဟာ အလွန်ဝမ်းနည်းစရာကောင်းပြီး စစ်ရာဇာဝတ်မှု ကျူးလွန်နေတာဖြစ်ပါတယ်လို့  သမ္မတအိုဘားမားက ပြောပြီး အရပ်သားတွေကို ကာကွယ်နိုင်ဖို့ ဘာမဆိုလုပ်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင်ရရှိတဲ့ သောကြာနေ့မှာ ဟာမားစ်စစ်သွေးကြွက အစ္စရေးစစ်သား၂ ဦးကို သတ်ဖြတ်ပြီး ကျန် ၁ ဦးကို ပြန်ပေးဆွဲခဲ့လို့ အပစ်အခတ် ရပ်စဲရေးပျက်ပြယ် သွားပါတယ်။

0 မှတ်ချက်များ for "ဖမ်းဆီးထားတဲ့ အစ္စရေးစစ်သားကို ချက်ချင်းလွှတ်ပေးဖို့ ဟာမားစ်ကို သမ္မတ အိုဘားမား တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++