သဘောတူထားတဲ့ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးလို့ အစ္စရေးကြေညာ

ဟားမတ်စ်ဘက်က စတင်ချိုးဖောက်နေတာကြောင့် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားပြီးလို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ကြေ ညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေးကာ တိုးမြှင့်လုပ်ကြဖို့ ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရ တောင်းဆိုမှု အပေါ် ဇူလိုင် ၁ ရက်နေ့ သော ကြားနေ့မှာ အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဘက်လုံးက သဘောတူလက်ခံကြပါတယ်။

လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲဖို့ အစ္စရေးနဲ့ ဟားမစ်တ်တို့ သဘောတူညီမှု ရရှိ ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အာမခံပြောကြားခဲ့ပြီးတဲ့နောက် ၁ နာရီအကြာမှာ ဂါဇာတောင် ပိုင်း Rafah မြို့မှာ ဟားမစ်တ် စစ်သွေးကြွတွေက အစ္စရေးစစ်သား၂ဦး သတ်ဖြတ်ပြီး ကျန် ၁ ဦးကို ဖမ်းဆီး လိုက်ပါတယ်။

ဟားမစ်တ်က လူသားချင်းစာနာထောက်ထားတဲ့ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စတင်ချိုးဖောက်နေတယ်လို့ ပြောကြားပြီး လက်တုံပြန် တိုက်ခိုက်ဖွယ်ရှိတာကြောင့် ဂါဇာဒေသခံတွေကို အိမ်အပြင် မထွက်ကြဖို့ အစ္စရေးက သတိပေးလိုက်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်က ၆၀ ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်း ၁၄၀ဝ ကျော် သေဆုံး သွားပါတယ်။

0 မှတ်ချက်များ for "သဘောတူထားတဲ့ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးလို့ အစ္စရေးကြေညာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++