တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ဗီယက်နမ်ကို ဂျပန် စစ်သင်္ဘောထောက်ပံ့ပေ

တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ ဗီယက်နမ် ရေတပ်ကို ဂျပန်က စစ်သင်္ဘော ၆ စင်း ထောက်ပံ့ဖို့ ရှိပါတယ်။

ဗီယက်နမ် ရေပိုင်နက်လုံခြုံရေးအတွက် ဒီစစ် သင်္ဘောတွေနဲ့အတူ လုံခြုံရေးနည်းပညာ စနစ်တွေ ပါ ထောက် ပံ့သွားမယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖူမီယို ကီရှီဒါ Fumio Kishida က ဆိုပါတယ်။

 မေလက တရုတ်နဲ့ ဗီယက်နမ်ကြား ပိုင်နက် အငြင်း ပွားနေကြတဲ့ ပါရာစယ် Paracel ကျွန်းစု အနီးမှာ တရုတ်က ရေနံတူးစင် လာချလို့ ၂ နိုင်ငံ အချင်းများ ခဲ့ကြပါတယ်။

ဂျပန်နဲ့ တရုတ် အကြား ရေပိုင်နက် အငြင်းပွားမှုတွေလဲ ရှိနေပါတယ်။ __Ref: BBC

0 မှတ်ချက်များ for "တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ဗီယက်နမ်ကို ဂျပန် စစ်သင်္ဘောထောက်ပံ့ပေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++