အစၥလာမ္ဘာသာကုိ စွန့်ပယ်၍ သေဒဏ်ချမှတ်ခံရတဲ့ ဆူဒန်နိုင်ငံ မိသားစုတခု ထွက်ပြေးလွှတ်မြောက်
အစ္စလာမ်ဘာသာကို စွန့်လွှတ် လိုက်တာကြောင့်
သေဒဏ်ချခံခဲ့ရတဲ့ ဆူဒန်နိုင်ငံသူ မရ်ယမ် ယာရ်ယာ အီဗရာဟင်နှင့် မိသားစုဝင်တို့ဟာ ဘေးကင်းလုံခြုံ စွာ အမေရိကန်နိုင်ငံထဲကို ဇူလိုင် ၃၁ ရက်နေ့ မှာ ရောက်ရှိ လာပါတယ်။
အမေရိကန်နိုင်ငံထဲကို ရောက်ရှိလာတဲ့အတွက် ဘယ်လိုမှ ဖော်ပြလို့ မတတ်နိုင်အောင်ပါပဲလို့ အီဗရာဟင်က ပြောပါတယ်။
နယူးဟတ်ရှိုင်းယားပြည်နယ် မန်ချက်စတာမြို့လေဆိပ်ကို ရောက်ရှိလာချိန်မှာ အီဗရာဟင်ရဲ့ ဆွေမျိုးတွေက လာရောက်ကြိုဆို ခဲ့ကြပါတယ်။
အစ္စလာမ်ဘာသာကို စွန့်လွှတ်ပြီး ခရစ်ယာန်ဘာသာကို ကူးပြောင်းသွားတဲ့ အီဗရာဟင်ကို ဆူဒန်အစိုးရ က သေဒဏ်ပေးဖို့ အမိန့်ချလိုက်တဲ့အပေါ် ကမ္ဘာ့တ၀န်းက အကြီးအကျယ် ပြစ်တင် ဝေဖန်ကြလို့ သေဒဏ် ကနေ လွှတ်ပေးခဲ့ပေမယ့် သူ့အပါအ၀င် မိသားစု လုံခြုံရေးအား အားမခံချက်မရှိဘူးလို့ ဆူဒန်အစိုးရ ပြော ကြားလိုက်ပါတယ်။
အီဗရာဟင်နဲ့ သူမိသားစုဟာ ဆူဒန်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံးထဲမှာ ၁ လ ကြာ ခိုလှုံခဲ့ရပြီး ဆူဒန်နိုင်ငံ က အထွက်မှာ ခရီးသွားလက်မှတ်အတု ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးဖို့ ဆူဒန်အာဏာပိုင်တွေက ကြိုးစားခဲ့ ပါသေးတယ်။
ဆူဒန်နိုင်ငံက ထွက်ခွာလာပြီး ပထမဆုံး အီတလီနိုင်ငံကို သွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။


0 မှတ်ချက်များ for "အစ္စလာမ်ဘာသာကို စွန့်ပယ်၍ သေဒဏ်ချမှတ်ခံရတဲ့ ဆူဒန်နိုင်ငံ မိသားစုတခု ထွက်ပြေးလွှတ်မြောက်"