SSPP/SSA ရှမ်းတပ်မတော်နဲ့ ကျူးကျော်လာတဲ့ အစိုးရတပ်ဖွဲ့ကြား တိုက်ပွဲဆက်ဖြစ်ပွား

ရှမ်းပြည်နယ်နယ်မှာ ကျူးကျော်လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့နဲ့ နယ်မြေခံ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA တပ်တွေကြား ဒီကနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရ ပါတယ်။

စကခ -၂၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဖာဆောင်တ၀ိုက်မှာ လာလှုပ်ရှားတယ်၊ အဲဒီနေရာက ကျနော်တို့ ၀မ်ဟိုင်းဌာနချုပ်နဲ့၁ မိုင်၊ ၂ မိုင်လောက် ပဲဝေးတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန် လှမ်းပစ်နေကြတာဖြစ်တယ်လို့ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးးကြီး စိုင်းလက ပြောပါတယ်။

တိုက်ပွဲက မနက် ၆၊ ၇ နာရီလောက်ကနေ နေ့ခင်း ၁၂ နာရီအထိ အပြန်အလှန်ပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက် ဒဏ်ရာရမှု အခြေအနေမသိရသေးဘူးပြောပြီး ပစ်ခတ်နေကြတဲ့နေရာဟာ ကျေးသီးမြို့နယ် ပန်စဲ့၊ လွယ်ရွဲ ကျေးရွာတို့နဲ့ နီးနေတာကြောင့် ရွာသားတွေအတွက် စိုးရိမ်တယ်လို့ ဆက်ပြောပါတယ်။

မြန်မာအစိုးရလက်နက်ကိုင်တပ်ရင်း ၁၀ ရင်း အင်အား ၁၀၀၀ လောက်က ဒီကနေ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပတ်ဝန်းကျင်တ၀ိုက်မှာ ၀င်ရောက်လှုပ်ရှားလာပြီး တိုက်ပွဲဖြစ်မှာ စိုးရိမ်တဲ့ ရွာသား ၂၀၀ ကျော်က ၀မ်ဝပ် ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်ကတော့ SSPP/SSA ၀မ်ဟိုင်း တပ်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်ကို လိုက်နာမှုမရှိဘဲ တပ်မတော် စစ်ကြောင်းကို အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဇူလိုင် ၁၅ ရက်နေ့ ပြည်သူ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဒုဝန်ကြီးဗိုလ်ချုပ်ကျော်ညွန့်ရဲ့ ပြောကြားချက်တွေဟာ ဖြစ်ရပ်မှန်တွေနဲ့ ပြောင်းပြန်ဖြစ်နေ တဲ့အကြောင်း အပစ်ခတ်ရပ် သဘောတူချက် စာချုပ်ပါ အချက်အလက်တွေကို ကိုးကားပြီး ဇူလိုင်လ ၁၈ ရက် မှာ လို့ SSPP/SSA ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် SSPP/SSAအဖွဲ့အနေနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ခိုင်မာအောင် ဆောင်ရွက်သင့်တဲ့ အကြံပြုချက် ၅ ချက်၊ လတ်တလော စစ်ဘေးရှောင်ဒုက္ခသည်များ အခြေအနေ စတာတွေ ပါဝင်တဲ့ စာမျက်နှာ ၁၀ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို ဇူလိုင် ၁၈ ရက်နေ့က အစိုးရဆီ ပေးပို့ထားပါတယ်။

SSPP/SSAကို ဖာဆောင်တံတားကနေ ဆုတ်ခွာသွားဖို့ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့က ညွှန်ကြား ချက်ကို ငြင်းပယ်လိုက်တဲ့ကတည်းက နှစ်ဖက်တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတွေရှိခဲ့လို့ ဇူလိုင် ၈ ရက်နေ့မှာ SSPP/SSA ကိုယ်စားလှယ်အဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်တို့နဲ့ နေပြည်တော်မှာ သွားရောက် ဆွေးနွေးခဲ့ပါတယ်။ 

0 မှတ်ချက်များ for "SSPP/SSA ရှမ်းတပ်မတော်နဲ့ ကျူးကျော်လာတဲ့ အစိုးရတပ်ဖွဲ့ကြား တိုက်ပွဲဆက်ဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++