အစ္စလာမ္မာစ် စစ်သွေးကြွကြောင့် အီရတ်နိုင်ငံ ခရစ်ယာန်ဘာသာဝင်တွေ အသက်လွတ် ထွက်ပြးနေရ

အီရတ်နိုင်ငံ မိုဆူးမြို့ရှိ ခရစ်ယာန်မိသားစုဝင်တွေကို ဂျီဟတ်လုပ်ရန် အစ္စလာမ္မာစ် စစ်သွေးကြွရဲ့ ရာဇသံပေးမှုကြောင့် နေအိမ်တွေကို စွန့်ခွာပြီး ရာနဲ့ချီတဲ့ ခရစ်ယာန်မိသားစုဝင်တွေက အသက်လွတ် ထွက်ပြေးနေရကြပါတယ်။ 

ခရစ်ယာန်ဘာသာဝင်တွေကို ဂျီးဟတ်လုပ်မယ်လို့ ဇူလိုင် ၁၉ ရက်မှာ ISIS သူပုန်း အစ္စလာမ်မစ် စစ်သွေးကြွတို့က ရာဇသံပေးထုတ်ပြန်ခဲ့တာ ဖြစ် ပါတယ်။ 

စစ်သွေးကြွတို့က ရာဇသံကြောင့် မိုဆူးမြို့က ခရစ်ယာန်တွေ ကြောက်လန့်ပြီး ကိုယ်ပိုင်ကားတွေနဲ့ရော၊ အငှားကားတွေနဲ့ပါ ပြည့်ကျပ်လျှက် မြို့ကနေ ထွက်ခွာ သွားကြကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြ ထားပါတယ်။ 

ထွက်ခွာသွားကြတဲ့ ခရစ်ယာန်မိသားစုအချို့တွေရဲ့ ငွေနဲ့ ရတနာတွေကို အစ္စလာမ်မစ်စစ်ဆေးရေး ဂိတ်မှာ သိမ်းယူခံလိုက်ရကြောင်း မိသားစုနှင့်အတူ ကားမောင်း ကာထွက်ခွာသွားတဲ့ အဘူရာယန်က ပြောပါတယ်။ 

ကျနော်တို့ တချို့ဟာ မပြေးခင်ကတည်းက အသိမ်းခံလိုက်ရပါတယ်။ တချို့မိသားစုတွေက တစ်နေ့နေ့မှာ အိမ်ပြန်ရမယ်လို့ မျှော်လင့်ချက်နဲ့ သူတို့ အိမ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းတွေကို အိမ်သော့တွေ အပ်ထားခဲ့ပါတယ်” လို့ လည်း သူက ဆက်ပြောပါတယ်။ 

မိုဆူးမြို့ ဟာ ခရစ်ယာန်ဘာသာဝင်တွေ ရာဂဏန်းလောက်သာ နေထိုင်းတဲ့ မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်း ၆ ပတ်လောက်က ဂျီဟတ်ဝါဒီ အစ္စလာမ်မစ် စစ်သွေးကြွတွေက တိုက်ခိုက်သိမ်းပိုက် လိုက်တာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "အစ္စလာမ္မာစ် စစ်သွေးကြွကြောင့် အီရတ်နိုင်ငံ ခရစ်ယာန်ဘာသာဝင်တွေ အသက်လွတ် ထွက်ပြးနေရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++