တိုက်ပွဲတွေကြောင့် ဂါဇာမှာ လူသေနူန်း မြှင့်တက်
![]() |
{ဒဏ်ရာရရှိတဲ့ အစ္စရေး ဂိုလန်နီတပ်ဖွဲ့ဝင်များ} |
အစ္စရေးနိုင်ငံသား ငြိမ်းချမ်စွာ နေထိုင်သွားနိုင်တဲ့ အခြေအနေ ရောက်တဲ့အထိ စစ်ရေးဆောင်ရွက် မှုတွေ လိုအပ်သလို တိုးမြှင့်သွားမယ်လို့ ရုပ်မြင် သံကြားကနေ အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု က ပြောသွားပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ တိုက်ပွဲတခုမှာ အစ္စရေးဘက်က လက်ထောက် တပ်မှူး အပါအဝင် (၃)ဦး ကျဆုံးခဲ့သလို ရှာဂျိုင်ယားဒေသ ဘက်မှာလည်း (၁၀)ဦး ထပ်မံကျဆုံးခဲ့ပြီး ဒဏ်ရာရရှိတဲ့သူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားတဲ့ အစ္စရေးတပ်ဖွဲ့ဝင် ၁၃ ဦးဟာ တိုက်ရည်ခိုက်ရည် အထူးကျွမ်းကျင်ပြီး နာမည်ကောင်း ရထားတဲ့ ဂိုလန်နီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အစ္စရေးအရာရှိတစ်ဦးက ပြောပါတယ်။
အစ္စရေးရဲ့ကျူးကျော်တိုက်ခိုက်မှုဟာ ရှေဂျေယာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ကျူးလွန်တာ ဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့ပြောခွင့်ရ ဆာမီအဘူဇူရီ ပြောကြားပြီး အစ္စရေးစစ်သားတစ်ဦးကို လက်ရဖမ်းထားတယ်လို့လည်း ပြောပါတယ်။
ပါလက်စတိုင်းဘက်က လူ ၉၀ ကျော် သေဆုံးခဲ့ထဲမှာ အရပ်သားတွေပါဝင်နေတာကြောင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်းက အစ္စရေးကို ပစ်တင် ရှုံ့ချ လိုက်ပါတယ်။
0 မှတ်ချက်များ for "တိုက်ပွဲတွေကြောင့် ဂါဇာမှာ လူသေနူန်း မြှင့်တက် "