P.S.L.F/T.N.L.A ၏ သဘောထား ထုတ်ပြန်ကြေညာချက်
![]() |
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A ၏ ဗဟိုကော်မတီ ၆ လပတ်အစည်းအဝေး” သဘောထားထုတ်ပြန်ကြေညာချက် |
၁၇ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၄ ခုနှစ်။
ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၄§၀၅§ဌနခ-၁၄
၁။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A ၏ ဗဟိုကော်မတီ (၆) လပတ်အစည်း အဝေးကို ဗဟိုကော်မတီဝင် (၂၁) ဦးရှိသည့်အနက် (၂၀) ဦး၊ အရံဗဟိုကော်မတီ(၃)ဦး၊ အရာရှိတပ်မှူးများ၊ အထူးဖိတ်ကြား သူများနှင့်လေ့လာသူ (၁၅) ဦး စုစုပေါင်း (၃၈) ဦးတက်ရောက်ကာ တပ်ဦး၏ ဗဟိုဌာနချုပ်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ လေးရက်တိုင်တိုင် အောင်မြင်စွာပြုလုပ် ကျင်းပခဲ့ပါသည်။
၂။ တပ်ဦး၏ (၆) လပတ်အစည်းအဝေးကြီးတွင် နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်း ဌာနများ၊ စစ်ဦးစီးတပ်ရင်းတပ်ဖွဲ့များ ပြင်ဆင်တိုးချဲ့ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ကို ဗဟိုကော်မတီဝင် များနှင့်အတူ အစည်းအဝေးတက်ရောက်သူများအားလုံး ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။
၃။ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်မြို့နယ်အစရှိသည့် တအန်းတပ်မတော်အခြေစိုက်ရာ တအန်းဒေသအတွင်းတွင် မြန်မာအစိုးရတပ်မှ ဒေသအခြေစိုက် ရမခ လက် အောက်ခံတပ်ရင်းများ၊ စကခ (၁)၊ စကခ(၁၆)၊ ကွတ်ခိုင်-ဒစက၊ လောက်ကိုင်-ဒစက လက်အောက်ခံ တပ်ရင်းများ အပြင် (၁၁)၊ (၅၅)၊ (၇၇)၊ (၈၈)၊ (၉၉) အစရှိသည့် တပ်မများ၏လက်အောက်ခံတပ်ရင်းများ စုစုပေါင်း တပ်ရင်း (၆၀) ကျော်ထိုးစစ်ဆင်လှုပ်ရှားလျှက်ရှိသည်။ ၂၀၁၄ ခုနှစ် ၆ လတာကာလအတွင်း တအန်းတပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲထိတွေ့မှုအကြိမ် (၁၀၀) ကျော်ဖြစ်ပွား ခဲ့ပြီး၊ မြန်မာ့ တပ်မတော်မှ စစ်ကြောင်းမှူးအရာရှိများ အပါအ၀င် စုစုပေါင်း ၁၇၈ ဦးကျဆုံးပြီး ၁၀၀ ကျော်ထိခိုက် ဒါဏ်ရာရှိခဲ့သည်။ ထိုတိုက်ပွဲများအတွင်း မိမိတို့ တအန်း တပ်မတော်မှ (၁၀) ဦး အမျိုးသားလွတ်မြောက်ရေး အတွက်အသက်ပေးလှူခဲ့ပြီး (၁၂) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။
၎။ တအန်းဒေသအတွင်း မြန်မာတပ်ထိုးစစ်များပြင်းထန်နေခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိရန် ယုံကြည်မှုများပိုမိုပျက်ပြားစေပါသည်။ မိမိတို့ P.S.L.F/ T.N.L.A အနေဖြင့် လက်ရှိပြည်တွင်းစစ်မီးကြီး ငြိမ်းသတ်နိုင်ရန်အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲမှ တဆင့် တွေ့ဆုံဆွေးနွေးရေးအတွက်ဆက်သွယ်ကြိုးပမ်း ခဲ့သော်လည်း မြန်မာအစိုးရဖက်မှ
ရှောင်လွှဲ မှုများကြောင့် နှစ်ဖက်အကြားတွေ့ဆုံ ဆွေနွေးမှု ရပ်တန့်နေဆဲဖြစ်သည်။
ရှောင်လွှဲ မှုများကြောင့် နှစ်ဖက်အကြားတွေ့ဆုံ ဆွေနွေးမှု ရပ်တန့်နေဆဲဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်းစစ်မီး၊ လူမျိုးရေး ဘာသာ ရေးပဋိပက္ခ၊ လယ်ယာမြေသိမ်းမှု ပြဿနာများ၊ မီဒီယာကန့်သတ်ဖိနှိပ်မှုများ အစရှိ သည့်ပြဿနာရပ်များ၏ အဓိက တရားခံမှာ မြန်မာစစ်ခေါင်းဆောင်များနှင့် ဦးသိန်းစိန်အစိုးရအဖွဲ့တို့ပင်ဖြစ်ပြီး အာဏာရှင်စနစ် ဆက်လက် တည်မြဲ စေသည့်လုပ်ရပ်များပင်ဖြစ်သည်ဟု အစည်းအဝေးကြီးကသုံးသပ်လိုက်ပါသည်။
၅။ ထိုကြောင့် P.S.L.F/T.N.L.A ၏ နိုင်ငံရေးလုပ်ငန်းစဉ်များပြင်ဆင်ချမှတ်ခြင်း၊ တအန်းတပ်မတော်ကြီး၏ စစ်ဗျူဟာအမှတ် (၁)၊ (၂) နှင့် (၃) တို့ကို တပ်မဟာ (၁)၊ (၂)နှင့် (၃) အဆင့်သို့ တိုးချဲ့ဖွဲ့စည်းကာ တအန်းဒေသ မိဘပြည်သူများနှင့်အတူ တအန်းအမျိုးသားတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ပိုမိုလျှင်မြန်စွာ ရောက်ရှိနိုင်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီ (၆) လပတ် အစည်းအဝေးကြီး၏ သဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
“ဘ်ုပ်ဘိုန် ကုင်တအာင်း”
ဗဟိုကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F/T.N.L.A)
0 မှတ်ချက်များ for " P.S.L.F/T.N.L.A ၏ သဘောထား ထုတ်ပြန်ကြေညာချက်"