နာရီပိုင်းအပစ်ရပ်ထားတဲ့နောက် ဟမားစ်စစ်သွေးကြွတွေကို မြေပြင် ထိုးစစ်ဆင်ရေး အစ္စရေးလ်စတင်

အစ္စရေးလ် နဲ့ ဟမားစ်စစ်သွေးကြွတွေကြား ၉ ရက် ကြာ အပြင်းအထန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး နာရီပိုင်းအပစ်ရပ်ထားပြီးနောက်  ဟမားစ်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်နေတာတွေကို တားဆီးနိုင်ရေး ရည်ရွယ်တဲ့ ဂါဇာကမ်းမြောင်ဒေသကို မြေပြင် စစ်ဆင်ရေးရေး အစ္စရေးလ် စတင်လိုက်ပါတယ်။

ဂါဇာကနေ အစ္စရေးလ်နိုင်ငံထဲကို ဦးတည်လာနေ တဲ့ အကြမ်းဖက်လှိုဏ်ခေါင်းတွေကို ဖျက်ဆီးပစ်ဖို့ ၀န်ကြီးချုပ် နာတန်ညာဟူးက အစ္စရေးလ်စစ်တပ်ကို ကြာသာပတေးနေ့မှာ  ညွန်ကြားခဲ့တာဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးဟာ အစ္စရေးလ်နိုင်ငံသားတွေအတွက် ငြိမ်းချမ်းရေးကို ယူဆောင်ပေးဖို့ နဲ့ ဂါဇာကမ်းမြှောင်
ဒေသ ထိန်းချုပ်ထားတဲ့ ဟမားစ်အဖွဲ့ကို အကြီးအကျယ် အထိနာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ပါလက်စတိုင်း အရပ်သားတွေထိခိုက်မှုမရှိအောင် ကာကွယ်ဖို့အတွက် ပိုပြီးလုပ်ဆောင်ဖို့  အစ္စရေးလ်ကို တိုက်တွန်းလိုက်ပါတယ်။

ဒီလို ထိုးစစ်ဆင်လိုက်တဲ့အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဟမားစ် အဖွဲ့က ပြောလိုက်ပါတယ်။  

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်က စတင်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ သေဆုံးသူ ပါလက်စတိုင်း ၂၂၇ ဦး ရှိခဲ့ပြီး ဟားမတ်စ်တို့ရဲ့ ပြန်လှန် ပစ်ခတ်မှုကြောင့် အစ္စရေးဘက်ကတော့ ၁ ဦး သေဆုံးခဲ့ပါတယ်။

0 မှတ်ချက်များ for "နာရီပိုင်းအပစ်ရပ်ထားတဲ့နောက် ဟမားစ်စစ်သွေးကြွတွေကို မြေပြင် ထိုးစစ်ဆင်ရေး အစ္စရေးလ်စတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++