မလေးရှားလေယာဉ် ရုရှား- ယူကရိန်းနယ်စပ်မှာ ပစ်ချခံရ
အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ မလေးရှားလေကြောင်းလိုင်း MH-17 ဘိုးရင်း 777 ဟာ ရုရှား- ယူကရိန်းနယ်စပ်
ဒွန်းနက်စ်မြို့အနီးမှာ ပစ်ချခံရလို့ လေယာဉ်ပေါ် လိုက်ပါ လာတဲ့ ခရီးသည်
၂၈၀နှင့် လေယာဉ်ဝန်ထမ်း ၁၅ ဦး စလုံး သေဆုံးသွားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်းနက်စ်မြို့မှာ တပ်စခန်းအခြေကုပ်ထားတဲ့ ရုရှားအစိုးရ လိုလားသူ ယူကရိန်းခွဲထွက်ရေးသူပုန်ရဲ့ လက်ချက်ဖြစ်တယ်လို့ ယူကရိန်း ပြည်ထဲရေး အန်တန်ဂရန်ရှန်ကိုက အခိုင်အမာစွတ်စွဲ ပြောကြားလိုက်ပါတယ်။
အမြင့်ပေ ၃ သောင်း ၃ထောင်မှာ ပျံသန်းလာတဲ့ မလေးရှားခရီးသည် လေယာဉ်ဟာ ခွဲထွက်ရေး သူပုန်တွေ ပစ်လွှတ်တဲ့ ရုရှားနိုင်ငံထုတ် မြေပြင်မှ ဝေဟင်ပစ်တာလတ်ပစ် Buk ဒုံးကျည်နဲ့ ထိမှန်ပြီး ပျက်ကျသွား တာဖြစ်တယ်လို့ဆိုပါတယ်။
မလေးရှား MH 17 လေယာဉ်ဟာ နယ်သာလန်နိုင်ငံ အမ်စတမ်ဒမ် လေဆိပ်မှ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့သို့ ပျံသန်းလာစဉ် ဇူလိုင် ၁၇ ၊ ၂၀၁၄ (ကြာသပတေးနေ့) ရုရှား- ယူကရိန်း နယ်စပ် ဒွန်းနက်စ်မြို့အနီးမှာ ပျက်ကျတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ညပိုင်းကလည်း ရုရှား အစိုးရလိုလားသူ ယူကရိန်းခွဲထွက်ရေးသူပုန်တွေက SU-25 အမျိုးအစား ယူကရိန်းတိုက်လေယာဉ်တစင်းကို လူဟန့်စ်ခ်မြို့အနီးမှာ ရုရှားလုပ် ဒုံးကျည်နဲ့ ပစ်ချခဲ့ပါတယ်။
ရုရှားကတော့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး လက်နက်ကိုင်တွေကို တစုံတရာ အထောက်အပံ့ ပေး မထားကြောင်း ငြင်းဆိုထားပါတယ်။

0 မှတ်ချက်များ for "မလေးရှားလေယာဉ် ရုရှား- ယူကရိန်းနယ်စပ်မှာ ပစ်ချခံရ"