PR စနစ် ကျင့်သုံးရေး လက်မခံဟု NLD တိုင်းရင်းသား ပါတီများ ပြောကြား
အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲ (PR) စနစ်ကို
မြန်မာနိုင်ငံတွင် ကျင့်သုံးရန် မသင့်တော်သေးဟု တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် တို့က ပြောကြား လိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ PR စနစ်ကို ကျင့်သုံးဖို့ မသင့်သေးဘူး။
ဒီစနစ်က တိုင်းပြည်အတွက် ဘာမှ အကျိုးမရှိဘူးလို့
ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်’’ ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်
ဦးအေးသာအောင် က ပြောပါတယ်။
ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် အေးသာအောင်၊ ဇိုမီးအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွသိမ်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့က ၂ နာရီကျော် ကြာတွေ့ဆုံခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံရေး တို့ကိုလည်း ဆွေးနွေး ခဲ့ကြကြောင်းလည်း သိရပါတယ်။
PR စနစ်မှာ တိုင်းရင်းသားများအတွက် စည်းလုံးညီညွှတ်မှုကို ထိခိုက်နိုင်သည့်အပြင် မဲပေးရသည့်
ပြည်သူများအတွက် မဲပေးရာတွင် ရှုပ်ထွေးစေ၍ တိုင်းရင်းသားနိုင်ငံရေး ပါတီအများစုက မြန်မာနိုင်ငံတွင် ကျင့်သုံးခြင်းမပြုရန် ထုတ်ဖော်ပြောဆိုကြပါတယ်။
PR စနစ်သည် မဲအများဆုံးရရှိတဲ့ပါတီက အနိုင်ရခြင်းမဟုတ်ဘဲ ရွေးကောက်ပွဲတွင် သတ်မှတ်ထားသော မဲရာခိုင်နှုန်းကို ရရှိတဲ့ပါတီများသည် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာကို ရာခိုင်နှုန်းအလိုက် ရရှိမည့် စနစ်တစ်ခုဖြစ်ပါတယ်။
PR စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြီးခဲ့တဲ့ ဇွန်လမှာ ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ ထောက်ခံမဲပေးခဲ့သဖြင့် အတည်ပြု ခဲ့ပါတယ်။
PR စနစ်နှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရ ဦးရွှေမန်းက PR စနစ်ကို နိုင်ငံအတွက် အကျိုးရှိပါက ကျင့်သုံးမည်ဟု အတည်ပြု ပြောကြားထားသည်။

0 မှတ်ချက်များ for "PR စနစ် ကျင့်သုံးရေး လက်မခံဟု NLD တိုင်းရင်းသား ပါတီများ ပြောကြား"